DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ညမထွက်ရအမိန့် ၁ နာရီလျှော့၊ လူ ၅ ဦးထက် ပိုမစုရန် ကြေညာ
DVB
·
May 14, 2022
ပခုက္ကူတွင်  ညမထွက်ရအမိန့် ၁ နာရီလျှော့၊ လူ ၅ ဦးထက် ပိုမစုရန် ကြေညာ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ညမထွက်ရအမိန့်ကို ည၈ နာရီမှ မနက် ၄ နာရီ သတ်မှတ်ထားရာကနေ ည ၉ နာရီမှ မနက် ၄ နာရီအထိလို့ ပြောင်းလဲပြင်ဆင်လိုက်ပြီး လူ ၅ ဦးထက်ပိုမစုရဘူးလို့ စစ်ကောင်စီက ဒီနေ့ မေ ၁၄ ရက်မှာ ကြေညာလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ခင်း ၂ နာရီလောက်က စစ်ကောင်စီတပ်က ကားနဲ့ အ​ရှေ့မှာ အရပ်ဝတ် ၂ ယောက်၊ အနောက်မှာ ရဲ ၂ ယောက်နဲ့ မြို့ထဲလှည့်လည် ကြေညာသွားတာဖြစ်ပြီး လူ ၅ ဦး ထက် ပိုမစုရဘူးလို့လည်း ကြေညာသွားတယ်လို့ဆိုပါတယ်။

"လူ ၅ ဦး ထက် ပိုမစုရကြောင်းလည်း ပါပါတယ်။ သေချာမကြေညာပါဘူး။ ကားကို အမြန်မောင်း ကြေညာတာပါ။ ခုလိုပြောင်းလဲ ကြေညာလည်း ထူးတော့ မသွားပါဘူး။"လို့ ဒေသခံက ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီက အရင်ကတည်းက  ည ၈ နာရီ မနက် ၄ ညမထွက်ရ အမိန့်ကြေညာထားတာဖြစ်ပြီး ညဘက်ထွက်သူတွေ ပတ်ကင်းနဲ့ကြုံတဲ့အခါ ဖမ်းဆီးတာမျိုးရှိသလို လူငယ်ယောကျာ်းလေးတွေဆိုရင် အမေးအမြန်းမရှိ ဖမ်းဆီးတာရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မြိုင်လမ်း၊ ပေါက်လမ်းနဲ့ လမ်းဘေးစျေးသည်တွေက ညပိုင်းအထိရောင်းကြတာဖြစ်လို့ အခုလို အချိန် တနာရီ နောက်ဆုတ်သွားတာလည်း သူတို့အတွက် အသက်ရှူချောင်သွားတယ်လို့ သိရပြီး အရင်ကဆို ရောင်းကုန်ကုန် မကုန်ကုန် ဆိုင်စောစောပိတ်ကြရတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013