DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်မြို့ရှိ Glow Bar ဗုံးဖောက်ခွဲ သတိပေးခံရ
DVB
·
May 13, 2022
မော်လမြိုင်မြို့ရှိ Glow Bar ဗုံးဖောက်ခွဲ သတိပေးခံရ
Donate to DVB

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်း၊ ရာမညစင်တာရှိ Glow Bar ကို မေ ၁၂ ရက် ည ၁၀ နာရီလောက် သတိပေးတဲ့အနေနဲ့ အသံဗုံး ဖောက်ခွဲခဲ့တယ်လို့ မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီ Glow Bar နဲ့ ပတ်သက်ပြီး တိုင်ကြားချက်များစွာ လက်ခံရရှိထားတာကြောင့် သတိပေးတဲ့အနေနဲ့ အသံဗုံး ဖောက်ခွဲရတာလို့ မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် Glow Bar တာဝန်ရှိသူ အနေနဲ့လည်း အများနည်းတူ ပျော်ရွှင်လိုကြတာကို နားလည်ပေမယ့် အများပြည်သူတွေကို မထီမဲ့မြင်ပြုလုပ်မှုကို သည်းခံခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မော်လမြိုင်မြို့နယ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Glow Bar ပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေအဆိုအရ မော်လမြိုင်မြို့ပေါ်ရှိ Glow Bar အပါအဝင် Bar အသီးသီးမှာ ညစဉ်ညတိုင်း လာရောက်ပျော်ပါးသူတွေ ပြည့်လျှံနေတယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့ဟာ စစ်တပ်အာဏာသိမ်းစဉ်က ပြည်သူသိန်းချီ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပေမဲ့ စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်အတွင်းမှာတော့ ဆန္ဒထုတ်ဖော်မှု လုံးဝရပ်နားသွားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013