DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးကျောင်း FOEIM က အထက်တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမများခေါ်ယူ
DVB
·
May 12, 2022
တော်လှန်ရေးကျောင်း FOEIM က အထက်တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမများခေါ်ယူ
1 / 2
Donate to DVB

အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ (FOEIM) က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် တော်လှန်ရေးကျောင်းတွေ ဖွင့်လှစ်သင်ကြားနေရာမှာ လတ်တလောမှာတော့ အထက်တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမတွေတွေ ခေါ်ယူနေပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ အထက်တန်းဆင့်ကို National  သင်ရိုးနဲ့ GED သင်ရိုးတို့ပေါင်းစပ်ကာသင်ကြားပေးသွားမှာဖြစ်ကာ ဆရာ၊ ဆရာမတွေအနေနဲ့ မြန်မာစာ (National Curriculum)၊ English (National Curriculum) + English Language (GED) ၊ Mathematics (National Curriculum+ GED) ၊ Chemistry (National Curriculum) + Science (GED) ၊ Physics (National Curriculum) + Science (GED) ၊ Biology (National Curriculum) + Science (GED) ၊ Social Studies (GED) စတဲ့ ဘာသာရပ်တွေကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

သင်ကြားရေးဆရာ၊ ဆရာမတွေအနေနဲ့ သင်ရိုးတွေကို အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေဆီက သင်တန်းပေးတာတွေကို အခမဲ့ရရှိမှာဖြစ်ကာ အချိန်ပြည့်နဲ့ အချိန်ပိုင်းသင်ကြားရေး ရာထူး နှစ်မျိုးခွဲကာ လျှောက်ထားနိုင်မယ်လို့ ဆိုပါ တယ်။

FOEIM ဟာ နွေဦးတော်လှန်ရေးကာလမှာ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းနဲ့ မြေပြင်မှတဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေတဲ့ လူထုအဖွဲ့ အစည်းတခု၊ ဒါမှမဟုတ် တော်လှန်ရေးကျောင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ FOEIM ဟာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကတဆင့် ကြားကာလ အခြေခံပညာရေးကို စဉ်ဆက်မပြတ် ရရှိအောင် အခမဲ့ ပညာရေးရရှိစေဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခုလာမယ့် ပညာသင်နှစ်မှာလည်း အွန်လိုင်းကသာမက မြေပြင်မှာပါ စဉ်ဆက်မပြတ်ပညာရေးပေးစွမ်းနိုင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ FOEIM အနေနဲ့ ကြားကာလ အွန်လိုင်းပညာရေးနဲ့ ကြားကာလ မြေပြင်ပညာရေးဆိုပြီးတော့ နှစ်မျိုးခွဲကာ သင်ရိုးသတ်မှတ်ပုံ၊ သင်ကြားရေးနဲ့ တတ်မြောက်မှုစစ်ဆေးခြင်းသတ်မှတ်ပုံတို့ကို ရေးဆွဲကာ ပိုမိုကောင်းမွန်တဲ့ ပညာ ရေးစနစ်ဖြစ်ပေါ်စေဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အထက်တန်းဆင့် သင်ကြားရေး ဆရာ၊ ဆရာမလျှောက်ထားလိုပါက မေ ၁၂ ရက် ကနေ ၂၀ ရက်အထိ လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရတဲ့ ဆရာ၊ ဆရာမတွေဟာ FOEIM နဲ့ တနှစ်စာချုပ် ချုပ်ဆိုရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ တော်လှန်ရေးကျောင်း FOEIM ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတဆင့် ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်ထားလိုပါက  ဖော်ပြပါ https://forms.gle/pJxesNKEAHkPmdQk7 လင့်ခ်ကတဆင့် ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013