DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်ကောင်စီတပ် အဖမ်းအဆီးကြမ်း၊ တညအတွင်း ပြည်သူအနည်းဆုံး ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
May 12, 2022
ပခုက္ကူတွင် စစ်ကောင်စီတပ် အဖမ်းအဆီးကြမ်း၊ တညအတွင်း ပြည်သူအနည်းဆုံး ၁၀ ဦး ဖမ်းဆီးခံရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မေ ၁၁ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေ မြို့တွင်းထဲက လူတွေကို လိုက်လံစစ်ဆေး ဖမ်းဆီးရာမှာ တညအတွင်း ပြည်သူ ၁၀ ယောက်ကျော် ဖမ်းဆီးခံခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မြို့ထဲရော မြို့ဘေးပတ်ဝန်းကျင်က ရွာတွေရော၊ မြို့အထွက်က ရပ်ကွက်တွေရော ဝင်စစ်တယ်။ အဖမ်းခံရတဲ့သူတွေ ရှိတယ်။ လာဖမ်းတာ လူမရှိလို့လွတ်တဲ့သူတွေရော ရှိတယ်။"

မြို့သစ်ထဲက အစိုးရပိုင် ချည်မျှင်စက်ရုံက CDM ဝင်ထားတဲ့ မိသားစုဝင် ၃ ဦးကိုလည်း မနေ့ညက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပညာရေးဝန်ထမ်း CDM ဆရာမတွေရဲ့ ဖခင်ဖြစ်သူကိုလည်း ဖမ်းဆီးသွားပြီး ချယ်ရီလမ်းမှာရှိတဲ့ NLD ပါတီဝင် ညီအမနှစ်ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အမှတ် ၁၀ ကျောင်းတော်ရာလမ်းမှာရှိတဲ့ ကိုကျော်မျိုးအိမ်ကို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ၃ ရက်အတွင်း လူဖမ်းမမိပါက နေအိမ်ကို ချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အမှတ် ၃ ရပ်ကွက်က လူငယ်တဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးရာမှာ လူငယ်က ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့ နေအိမ်အတွင်းက ပိုက်ဆံငါးသိန်းနဲ့ ဖုန်း ၂ လုံးကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ဒေသခံတဦးက "အဖမ်းခံရတဲ့သူတွေက CDM တွေ၊ NLD ပါတီဝင်တွေနဲ့ PDF နဲ့ ပတ်သက်တယ်ဆိုပြီး မတရားစွပ်စွဲ ဖမ်းကြတာပါ။ အခုလိုမဖြစ်ခင်က ပခုက္ကူမှာ ဖမ်းဖို့စာရင်းကို နေပြည်တော်က ချပေးတယ်လို့ တပ်တွင်းသတင်းရတယ်၊ အဲ့ဒါပြီး နောက်ပိုင်း အခုလိုဖြစ်တာပဲ။ အဖမ်းအဆီးကြမ်းမယ်လို့ သတင်းက အရင်ရတာ" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မေ ၁၁ ရက် ညမှာ မြို့သစ်ဘက်ကို စစ်ကား ၆ စီး၊ အင်အား ၅၀ ဝန်းကျင်နဲ့ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013