Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ၆ ဘီးကားတစီး တိမ်းမှောက်၊ ၁ ဦးသေဆုံး
DVB
·
May 12, 2022

မန္တလေးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၄၂/၅ နဲ့ ၆ အကြား ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာမြောက်ဘက်မှာ မေ ၁၁ ရက် ညနေ ၅ နာရီခွဲလောက်က ၆ ဘီး ကန်တာကားတစီး တိမ်းမှောက်ရာ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မန္တလေးက ကုန်ပစ္စည်းတွေဝယ်ပြီး ဝမ်းတွင်းကို ပြန်လာတဲ့ကားပါ။ ကားရှေ့ဘီးပေါက်ပြီး မှောက်သွားတာ။ ကားဘော်ဒီကြီး လမ်းပေါ်ပြုတ်ကျသွားတယ်။ ကားစပယ်ရာကတော့ နေရာတင် သေဆုံးတယ်။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရတယ်။ ကားပေါ်မှာက ကားသမား ၂ ဦးနဲ့ ကလေးငယ်လေးအပါ ခရီးသည် ၈ ဦးပါလာတယ်။ သန္တိသုခ လူမှုကူညီရေးအသင်းက ဆေးရုံပို့ပေးတယ်။"

ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ ယာဉ်မောင်း ကိုကျော်သက်ခိုင်ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေမှု၊ သာမန်ဒဏ်ရာရမှုတို့နဲ့ အရေးယူ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024