DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ မိုင်းရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်
DVB
·
May 10, 2022
ယင်းမာပင်မြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ မိုင်းရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မေ ၁၀ ရက် နေ့လယ် ၂ နာရီလောက်က  မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းရှင်းလင်းရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့က မိုင်းကို ထိကိုင်နေစဥ် မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုရှိနိုင်ပေမဲ့ အတိအကျမသိဘူးလို့ ချိုမိုင်မိုင် PDF အဖွဲ့ဝင်က ပြောပါတယ်။

မိုင်းရှင်းလင်းတဲ့အဖွဲ့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဖြစ်ပြီး အင်အား ၂၀ လောက်နဲ့မိုင်းရှင်းလင်းရေးဆောင်ရွက်နေစဥ် မုံရွာ-ယာကြီး- ကလေးဝ လမ်းပိုင်း ၅ မိုင်တိုးဂိတ်အနီးမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အဲဒီပေါက်ကွဲခဲ့မိုင်းဟာ အဆင့်မြှင့်တင်လုပ်ဆောင်ထားတဲ့မိုင်းဖြစ်ပြီး National People Defence Force-(Yinmarbin)အဖွဲ့ထောင်ထားတဲ့မိုင်းဖြစ်ကာ မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့တွေက သေနတ်နဲ့ပစ်ဖောက်ခဲ့ကာ ဘန့်ဘွေးရွာမကျေးရွာဘက်ကို ပြန်သွားကြတယ်လို့ ဒေသခံတွေက ‌ဆိုပါတယ်။

ဒါ့အပြင် အရင်နေ့က မူးယစ်ဆေးသုံးစွဲလွန်ပြီး သေဆုံးခဲ့တယ်လို့ ယူဆရတဲ့ စစ်ကောင်စီတပ်သား တယောက်ရဲ့ အလောင်းဟာ ဘန့်ဘွေးရွာမကျေးရွာအနီး လက်ပန်ဆိုင်းပုဒ်အရှေ့ဘက်တစ်နေရာမှာ တွေ့ရှိခဲ့ရပြီး အဲဒီအလောင်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းက လာရောက်သယ်ယူသွားကြတယ်လို့  ဒေသခံ ပြည်သူတယောက်က ပြောပါတယ်။

အရင်ကလည်း ဘန့်ဘွေးရွာမကျေးရွာအတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား တယောက် အပြင်ထွက်မူးယစ်ဆေးဝယ်လာစဥ်မှာ မူးယစ်ဆေးတွေနဲ့အတူ  ဖမ်းမိခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ဘူးတယ်လို့ ချိုမိုင်မိုင် PDF အဖွဲ့ဝင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013