DVB Logo
Home
မြန်မာသတင်း
CDM ကြောင့် ရထားပြေးဆွဲရန် အခက်တွေ့နေသည့် စစ်ကောင်စီက ဒုရုံပိုင်ရာထူး ၆၀ အတွက် အပြင်လူခေါ်
DVB
·
May 10, 2022
CDM ကြောင့် ရထားပြေးဆွဲရန် အခက်တွေ့နေသည့် စစ်ကောင်စီက ဒုရုံပိုင်ရာထူး ၆၀ အတွက် အပြင်လူခေါ်
Donate to DVB

အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုကြောင့် ရထားပြေးဆွဲဖို့ ခက်ခဲနေတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနက ဒုရုံပိုင်ရာထူး ၆၀ နေရာအတွက် ပြင်ပကသူတွေကို မေ ၁၀ ရက်နေ့ လျှောက်လွှာခေါ်ယူနေပါတယ်။

မြန်မာ့မီးရထားအနေနဲ့ ရုံပိုင်ရာထူးကို ဝန်ထမ်းထဲက အတွေ့အကြုံရှိသူတွေကို တာဝန်ထမ်းဆောင်တဲ့ လုပ်သက်ပေါ် မူတည်ခန့်ထားတာမျိုးသာ ရှိပြီး အခုလိုအပြင်က ခေါ်ယူတာ ပထမဆုံးဖြစ်တယ်လို့ ရထားဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

"ဝန်ထမ်းထဲက CDM တွေများနေတော့ အပြင်ကသူတွေ ရသလောက်ဆွဲခန့်ပြီး ရထားတွေ ပြေးနိုင်အောင်လုပ်မယ့်သဘောပဲ။ ရထားအလုပ်ဆိုတာ အတွေ့အကြုံမရှိဘဲ တန်းတာဝန်ထမ်းလို့ရတာမှ မဟုတ်တာ။ အစဥ်အဆက်တော့ အဲဒီလိုအပြင်က ခေါ်ခန့်တာမျိုးမရှိဘူး" လို့ CDM  ဒုရုံပိုင်တဦးက ပြောပါတယ်။

မြန်မာ့မီးရထားမှ ဝန်ထမ်းတဝက်ကျော်လောက်ဟာ အာဏာဖီဆန်ရေးလူပ်ရှားမှု (CDM) ပြုလုပ်ထားတာကြောင့် စစ်ကောင်စီဟာ ရထားတွေပြေးဆွဲဖို့ အခက်တွေ့နေတာပါ။

CDM ဝန်ထမ်းတွေကို Non CDM လုပ်ဖို့ အကြီးအကဲတွေက လိုင်းခန်း​ပေါ်ကနှင်ချတာ၊ ဖမ်းဆီး​​ပြတာ​တွေလုပ်​ပြီး ဖိအားအမျိုးမျိုးပေးပေမယ့်အများစုက လက်မခံဘဲ စစ်အာဏာရှင်အား ဆက်လက် တော်လှန်နေကြတာပါ။

ဒါကြောင့် လိုအပ်တဲ့ ဝန်ထမ်းပြည့်မီအောင် လက်ပူတိုက်လုပ်နေတဲ့ သဘောဖြစ်တယ်လို့ CDM ရထားဝန်ထမ်းတွေက ဆိုပါတယ်။

အခုဒုရုံပိုင်ရာထူးအတွက် လျှောက်ထားမယ့်သူတွေဟာ အသက် ၃၀ နှစ် (ဝန်ထမ်းဖြစ်ပါက ၃၅နှစ်) ရှိမှဖြစ်ပြီး တက္ကသိုလ်တခုခုက ဘွဲ့ရထားရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးကောင်မွန်ပြီး နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူ၊ အနိမ့်ဆုံးအရပ် ၅ပေ ၂ လက်မနဲ့ ကိုယ်အလေးချိန်ပေါင် ၁၀၀ နဲ့ ပေါင် ၁၆၀ အတွင်းရှိရမယ်လို့ ဆိုပါတယ်။

ဒါအပြင် ဇွန် ၁၀ နောက်ဆုံးလျှောက်ထားရမယ်လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013