DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် PLA တပ်တို့ တိုက်ပွဲဖြစ်
DVB
·
May 10, 2022
မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် PLA တပ်တို့ တိုက်ပွဲဖြစ်
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်အနီးမှာ မေ ၉ ရက် ည ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ သတင်းပေးတဦးကို ဖမ်းဆီးရမိထားတယ်လို့ PLA တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ညက ကင်းပုန်းနဲ့တွေ့ပြီး တိုက်ပွဲဖြစ်တာ၊ နာရီဝက်လောက်တော့ ကြာတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ထုတယ်။ နှစ်ဘက် အထိအခိုက်အကျဆုံးတော့ မရှိဘူး။ ဒါပေမဲ့‌ သူတို့ဘက်က စစ်ခရိုနီသတင်းပေးတယောက်တော့ တိုက်ပွဲအတွင်းမှာ ဖမ်းမိထားတယ်။” 

ဖမ်းဆီးရမိတဲ့ စစ်ကောင်စီသတင်းပေးတဦးကို PLA တပ်က စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။ 

ဒေသခံတဦးက “ညက ပစ်သံတွေ ဆက်တိုက်ကြားတယ်။ လက်နက်ကြီးပစ်သံ ၃ ချက်လည်း ကြားတယ်။ မိုးက ရွာနေတော့ မိုးသံနဲ့ဆိုတော့ တိတိကျကျ ဘယ်နားကနေ ပစ်နေတယ်ဆိုတာ မသိလိုက်ရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက မိုးကုတ်မြို့မှာ မေ ၉ ရက်နေ့ နေ့ခင်းပိုင်းက ဆိုင်ကယ်စီးသူတိုင်းကို တားဆီးစစ်ဆေးနေပြီး ရက်ခြားဆိုသလို ညဘက်ပိုင်း သေနတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013