DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မြို့လယ်တွင် ဗုံးပေါက်ကွဲ၊ အနည်းဆုံး ၂ ဦး ဒဏ်ရာရ
DVB
·
May 10, 2022
တာချီလိတ်မြို့လယ်တွင် ဗုံးပေါက်ကွဲ၊ အနည်းဆုံး ၂ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့လယ် မကာအိုခမ်းရပ်ကွက် မင်းလမ်းပေါ်ရှိ မီနီမတ်ကုန်စုံဆိုင် တဆိုင်ရှေ့မှာ မေ ၉ ရက်ညက ဗုံးပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံးလူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ 

ဗုံးပေါက်ကွဲသံကြားရချိန်မှာ ည ၈ နာရီ ၁၅ မိနစ်လောက်ဖြစ်ပြီး အဆွေတော်မီနီမတ်ကုန်စုံဆိုင်နဲ့ လမ်းအနည်းငယ်ပျက်စီးကာ ဆိုင်အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တာချီလိတ်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီနေရာက ခါတိုင်းဆို လူစည်ကားတယ်ခင်ဗျ။ မနေ့ညကတော့ မိုးလည်းရွာနေလို့ မဟုတ်ရင် ထိခိုက်ဒဏ်ရာရသူက ဒီထက်ပိုများမှာ။ ချိန်ကိုက်ဗုံးပေါက်တယ်လို့လည်း ပြောနေကြတာပဲ။ ဒဏ်ရာရတာက ကျနော်တို့သိရသလောက်တော့ မီနီမတ်ဆိုင်က အလုပ်သမား ၂ ယောက်၊ အသက်အန္တရာယ်မစိုးရိမ်ရဘူးတဲ့။”

ဒေသခံ နောက်တဦးကလည်း မနေ့ည ၈ နာရီ ၁၅ နဲ့  ၈ နာရီခွဲကြားမှာ အဲဒီနေရာတဝိုက် ပေါက်ကွဲသံ ၂ ကြိမ်ကြားရတယ်လို့ ပြောပါတယ်။ 

မနေ့က ပေါက်ကွဲသံကြောင့် တာချီလိတ်တမြို့လုံး ထိတ်လန့်စွာနဲ့ စောစီးစွာမီးပိတ်ကြကြောင်း၊ ဒီနေ့မနက်မှာ အခြေအနေငြိမ်သက်နေပေမယ့် ပေါက်ကွဲမှုဖြစ်တဲ့ လမ်းထဲမှာ တာချီလိတ် အထက ကျောင်းကနေ လဝကရုံးအထိ လမ်းပိတ်ထားတာကြောင့် အခြားလမ်းကနေ ကွေ့ပတ်သွားလာနေ ရတယ်လို့ တာချီလိတ်ဒေသခံက ပြောသွားပါတယ်။ 

ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။

Photo: CJ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013