DVB Logo
Home
ဘောလုံး
လိင်ပိုင်းစော်ကားခံရမှုအပေါ် အားပေးမှုများအတွက် ကျေးဇူးတင်ဟု အင်္ဂလန်တိုက်စစ်မှူးဟောင်း အန်ဒီကာရိုး ပြော
DVB
·
October 13, 2026
Photo: Pool via REUTERS/Mike Egerton
Photo: Pool via REUTERS/Mike Egerton
Donate to DVB

အင်္ဂလန် တိုက်စစ်မှူးဟောင်း အန်ဒီကာရိုးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရမှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့အပြီးမှာ လူထုထံက ရရှိခဲ့တဲ့ ထောက်ခံအားပေးမှုတွေအတွက် ကျေးဇူးတင်စကား ဆိုလိုက်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကာရိုးဟာ ၂၀၂၁ ခုနှစ်က နယူးကာဆယ်အသင်းမှာ ကစားနေစဉ်အတွင်း သူ့ရဲ့နေအိမ်မှာ အဆိုပါဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ကျူးလွန်သူကိုယ်တိုင်က ၂၀၂၃ ခုနှစ်မှာ ထောင်ဒဏ် လ ၂၀ ချမှတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။

အန်ဒီကာရိုးဟာ ‘Owning It’ လို့ အမည်ပေးထားတဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ အဆိုပါဖြစ်ရပ်ဆိုးကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ မိတ်ဆွေတွေဆီက ရရှိခဲ့တဲ့ အားပေးမှုတွေကြောင့် စိတ်သက်သာရာ ရရှိခဲ့ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013