ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ဟာ ပြင်သစ်ကလပ် လိုင်လီရဲ့ မော်ရိုကိုကွင်းလယ်လူ အေယွတ်ဘ် ဘူအာဒီကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေပါတယ်။
အသက် ၁၈ နှစ်အရွယ် ဘူအာဒီကို ခေါ်ယူဖို့ အာဆင်နယ်က စတင်ဆွေးနွေးမှုတွေ လုပ်နေသလို လီဗာပူးကလည်း ကစားသမားနဲ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
ဘူအာဒီကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီတို့ကလည်း စောင့်ကြည့်နေပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၆၀ သန်းအထိ ရှိနိုင်တယ်လို ခန့်မှန်းထားပါတယ်။
ဘူအာဒီဟာ မော်ရိုကိုအသင်းအတွက် ကမ္ဘာ့ဖလားပွဲမှာ ဘရာဇီးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။










