DVB Logo
Home
အားကစား
ကွင်းလယ်လူ ဘာလီဘာကို ခေါ်ယူရန် မန်ယူအသင်း နီးစပ်
DVB
·
August 20, 2026
Photo: Instagram
Photo: Instagram
Donate to DVB

ကွင်းလယ်ပိုင်းကို အသစ်ပြန်လည်တည်ဆောက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန် ကစားသမား ကားလို့စ် ဘာလီဘာကို တတိယမြောက် ကွင်းလယ်လူအဖြစ် ခေါ်ယူဖို့ နီးစပ်နေပြီလို့ ဗြိတိန်အားကစားသတင်းတွေမှာ ဖော်ပြပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့လက ဆန်းတို့စ်နဲ့ တိုင်လီမန်းစ်တို့ကို ခေါ်ယူပြီးနောက် ကွင်းလယ်နေရာ အတွက် ဘာလီဘာကို ပေါင်သန်း ၆၀ နဲ့ အပိုဆုကြေး ၅ သန်း ပါဝင်တဲ့ ကနဦးပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။

အရင်နှစ်က သူ့ရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ ကျော် သတ်မှတ်ထားပေမဲ့ လက်ရှိ ဆွေးနွေးမှုတွေအရ အရောင်းအဝယ် ဖြစ်မြောက်သွားမယ်လို့ ခန့်မှန်းနေကြပါတယ်။

နည်းပြ မိုက်ကယ်ကာရစ်ရဲ့ အသင်းမှာ နေရာအနှံ့ လိုက်ပါကစားနိုင်မဲ့ ကစားသမားမျိုး လိုအပ်နေပြီး ဒီလစ်ဟာမှုကို ဘာလီဘာက ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒီအပြောင်းအရွှေ့ဟာ မန်ယူအသင်းရဲ့ ကစားသမားသစ် ရှာဖွေရေးအပိုင်းမှာ ပိုမိုမြန်ဆန် စနစ်ကျလာတာကို ပြသနေတယ်လို့လည်း သတင်းတွေက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013