DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ဟု ABSDF ပြော
DVB
·
May 8, 2022
စစ်ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ဟု ABSDF ပြော
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တန်းတူရည်တူ ဆွေးနွေးအဖြည့်ရှာဖို့ ပြည်စုံလုံလောက်တဲ့ အခင်းအကျင်းမရှိတဲ့အတွက် မြန်မာတနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေနဲ့  တက်ရောက်မှာ မဟုတ်ဘူးလို့ ဒီကနေ့ မေ ၈ ရက်က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

မေ ၂ ရက်က အာဏာသိမ်း စစ်ခေါင်းဆောင်က လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့ တိုင်ရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားတဲ့အပေါ် အခုလို ထုတ်ပြန်လိုက်တာပါ။

မြန်မာတနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အေးလွင်က “နိုင်ငံရေးပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးဖိတ်ခေါ်တာကို ဗိုလ်ချုပ်မှူးကြီး ပြောတဲ့အထဲမှာကော စာပို့တဲ့အထဲမှာကော ကျနော်တို့ အချက်အလက်တွေမ တွေ့ရတဲ့အပေါ်မှာ ဒီနေ့အခြေအနေမှာ မတက်ရောက်နိုင်ဘူးလို့ ထုတ်ပြန်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါအပြင် ABSDF အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကိစ္စမှာ  ၃၂ နှစ်တာ ကာလအတွင်း တိုင်းရင်းသားလူမျိုး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ကော လက်ရှိနွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးဆိုတဲ့ အင်အားစုအားလုံးနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ သဘောထား ထုတ်ပြန်ထားကြပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ်  NCA အပစ်ရပ်အဖွဲ့အစည်း ၁၀ ဖွဲ့ထဲက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တက်ရောက်မယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ဟာ အတုအယောင်ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတာဖြစ်ပြီး လတ်တလောကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ဘက်ပေါင်းစုံက အကျပ်အတည်းတွေကို ယာယီဖြေရှင်းဖို့အတွက်သာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က သဘောထား ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013