DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် ဝက်လက်မြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့
DVB
·
May 8, 2022
ဘုတလင်နှင့် ဝက်လက်မြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ညောင်ပင်ကြီးရွာကို စစ်ကောင်စီတပ်တွေက မေ ၈ ရက် မွန်းလွဲ ၁ နာရီက မီးရှို့ နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“စစ်တပ်က အင်အားအလုံးအရင်းနဲ့ ရုတ်တရက် ဝင်လာတယ်။ ပြေးတဲ့သူက ပြေးကြတယ်။ အခုလည်း ရွာကို မီးတင်နေတယ်။ အိမ် တလုံးလောင်း စလောင်နေပြီ။  ရွာတွေကို လိုက်မီးရှို့နေလို့ ဘာအကျိုးအမြတ်ရမလဲ။ အခုဟာက အိမ်မီးရှို့ခံရတဲ့ သူတွေက မကျေနပ်တော့ သူတို့ကို တော်လှန်ဖို့ရာ PDF တပ်ဖွဲ့ထဲဝင်ပြီး သူတို့ကို တော်လှန်ကုန်တယ်။ ကျနော့် ဆန္ဒပြောရရင် လက်နက်ကိုင်အချင်းချင်း မိအောင်ရှာ၊ တွေအောင်ရှာပြီး အနိုင်တိုက်ကြပေါ့။ အခုဟာက ရွာတွေပဲ မီးရှို့နေကြတယ်”လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း မေလဆန်းပိုင်းက စလို့ ကူတော်၊ ကံသစ်နဲ့ ညောင်ပင်ကြီးရွာတွေ မီးရှို့ခံခဲ့ရတာပါ။ အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ညောင်ပင်ကြီးရွာဟာ စစ်တပ် ဝင်လာတာကြောင့် ဒေသခံ ၆၀၀ ထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

အလားတူ မေ ၇ ရက် ည ၇ နာရီကလည်း ဝက်လက်မြို့နယ် ထနောင်းကိုင်းရွာကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “ရွာကို မီးရှိုနေတာ အဝေးကနေပဲ မြင်နေရတယ်။ ပျက်စီးဆုံးရှုံးတဲ့ အလုံးအရေ အတိကျပြောလို့ မရသေးဘူး။ အခုထိရွာထဲက စစ်တပ် မထွက်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်း PDF တွေ နဲ့ စစ်ပွဲဖြစ်တိုင်း တိုက်ပွဲဖြစ်ရာ နေရာနားက ခိုလှုံပုန်းကွယ်နိုင်တဲ့ ကျေးရွာတွေကို မီးရှို့လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ခု၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့  ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိပြီး စစ်ကိုင်းတိုင်းက ၇၅၀၀ ကျော်နဲ့အများဆုံးဖြစ်တယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013