DVB Logo
Home
မြန်မာသတင်း
ပခုက္ကူခရိုင်၌ လွှတ်တော်အမတ်၏အိမ်အပါအဝင် ပြည်သူ့ နေအိမ် တဒါဇင်ခန့် ချိပ်ပိတ်ခံရ
DVB
·
May 7, 2022
ပခုက္ကူခရိုင်၌ လွှတ်တော်အမတ်၏အိမ်အပါအဝင် ပြည်သူ့ နေအိမ် တဒါဇင်ခန့် ချိပ်ပိတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ မေ ၁ ရက်မှ  ၇ ရက်နေ့အထိ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားသူတွေရဲ့  နေအိမ် ၁၃ လုံးလောက်ကို စစ်ကောင်စီက ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဟန်ဇော်ဝင်း၊ မြမင်းဆွေ၊ ကိုပြည့်ဖြိုးကျော်၊ ကိုထူးအောင်လွင်နဲ့ ဦးတိုးရွှေ(ခ)ညိုမောင်တို့ရဲ့နေအိမ်တွေကို မေ ၄ ရက်နဲ့ ၅ ရက်တွေမှာ ချိပ်ပိတ်ခဲ့သလို  မေ ၆ ရက်မှာလည်း ဒေါ်ကြေးမုံဝင်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေ လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ ပခုက္ကူမြို့ခံက  ပြောပါတယ်။

ရေစကြိုမြို့နယ် သပိတ်ခေါင်းဆောင် ဦးဝေယံနိုင်၊ ကိုအောင်ကျော်ဖြိုး၊ ကိုဟိန်းထက်စံ၊ မခင်မာရီနဲ့ ကိုမျိုးဝင်းတို့ရဲ့ နေအိမ်တွေကိုလည်း မေ ၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ လာရောက်ချိပ်ပိတ်ခဲ့တယ်လို့  ရေစကြိုမြို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

နေအိမ်ဖျက်ဆီးခံရတဲ့ ရေစကြိုမြို့နယ် သပိတ်ခေါင်းဆောင် ကိုဝေယံနိုင်က  “ရေစကြိုမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေအားကောင်းတဲ့ အချိန်ကတည်းက စစ်ကောင်စီတပ်တွေ ခဏခဏ လာပြီးဖျက်ဆီးထားကြတာ။ အိမ်တဆောင်လုံး  ဘာမှကို ရစရာမရှိဘူး။ တော်လှန်ရေးလုပ်တဲ့အခါ စွန့်လွှတ်ရတာတွေ ပေးဆပ်ရတာတွေရှိမှာပဲ။ ဘာတွေပေးဆပ်ရတယ်။ ဘာတွေစွန့်လွှတ်ရတယ်ဆိုတာကို ပြောပြမနေချင်ဘူး။ သူတို့ဖျက်ဆီးချင်တိုင် ဖျက်ဆီးပြီးမှ  သိမ်းချင်သိမ်း မသိမ်းချင်နေပေါ့။ တော်လှန်ရေးသမားတယောက် အနေနဲ့တော့  ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ တွန်းအားတွေပိုရတာပေါ့”လို့  ပြောပါတယ်။

ပေါက်မြို့ အောင်တံခွန်ရပ်ကွက်မှာလည်း မေ ၁ ၇ ရက် နေ့လယ်က  ကိုညွှ့န်ဇော်ဌေးနဲ့ ကိုဇော်မင်းထက်(ခ)ဇော်ကြီး တို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေ လာရောက်ချိန်ပိတ်သွားတယ်လို့  ပေါက်မြို့ဒေသခံက  ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကတော့ ဆူပူ အကြမ်းဖက်မှုတွေကို လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီနေအိမ်တွေကို နိုင်ငံတော်ပိုင်သိမ်းဆည်းပြီး ချိပ်ပိတ်တာလို့ သတင်းဖော်ပြပါတယ်။

အန်အယ်လ်ဒီအမတ်တွေ၊ ပါတီဝင်တွေနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့သူတွေရဲ့ နေအိမ်၊ခြံဝင်း တွေကို စစ်ကောင်စီက ချိပ်ပိတ်ရုံတင်မက ရောင်းစားဖို့အထိ ပြင်ဆင်လာတာဟာ တည်ဆဲဥပဒေ တွေ နဲ့ ညီညွတ်မှု မရှိဘူးလို့  ဥပဒေပညာရှင်တွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီက ၂၀၂၂ မတ် ၁၈ ရက်နေ့အထိ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေရဲ့ နေအိမ်နဲ့လုပ်ငန်းအဆောက်အအုံ  စုစုပေါင်း ၂၈၀ ကျော်ကို ချိပ်ပိတ်ခဲ့တယ်လို့ အန်အယ်လ်ဒီက မတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013