
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကမ်းနားလမ်းမှာ မေလ ၇ ရက် မနက်ပိုင်းက ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း တလောင်း တွေရှိခဲ့တယ်လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသွားသူမှာ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ကဖြစ်ပြီး ကတ်ကြေးနဲ့ ထိုးခံရတဲ့ ဒဏ်ရာနဲ့ သေးဆုံးနေတာလို့ မေတ္တာရောင်ခြည်ဖောင်းဒေးရှင်း ဥက္ကဋ္ဌ ကိုလင်းလင်းက ပြောပါတယ်။
"ဒီနေ့မနက်စောစောပိုင်း ၈ နာရီလောက်က ကမ်းနားလမ်းဘေးက မြက်ခင်းထဲမှာ တွေ့တာပါ။ အလောင်းရဲ့ ရင်ဘတ်တည့်တည့်မှာတော့ အထိုးခံထားရတဲ့ ဒဏ်ရာနှစ်ချက်ရှိတယ်။ အလောင်းရဲ့ဘေးမှာလည်း ကတ်ကြေးတစ်ခုရတယ်။ သေဆုံးသွားသူကတော့ စစ်တွေမြို့ ရွာကြီးတောင် ရပ်ကွက်က အသက် ၅၃ အရွယ် ကိုပေါက်စ ဖြစ်ပါတယ်။ သေဆုံးနေတာကတော့ ကြာသပတေးနေ့ ဖြစ်နိုင်တယ်ခင်ဗျာ။ အခုတော့ စစ်တွေဆေးရုံးကြီး ရင်ခွဲရုံမှာပါ"လို့ပြောပါတယ်။
အခုလူသေဆုံးမှုနဲ့ ပတ်သတ်ပြီးတော့ ဘယ်သူက ဘာကြောင့်သတ်တယ်ဆိုတာ မသိရေးသေးသလို စစ်တွေမြို့မ ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
အလားတူ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်ကလည်း စစ်တွေမြို့ ပွိုင့်ကမ်းခြေ အနီးရှိ အုန်းတောမှာ အမည်မသိ အမျိုးသမီးတယောက်ရဲ့ အလောင်းတစ်လောင်းတွေရှိခဲ့ပါတယ်။