DVB Logo
Home
မြန်မာသတင်း
PDF တည်ထောင်ကြောင်း တနှစ်ပြည့်အခမ်းအနား (ဓာတ်ပုံ)
DVB
·
May 6, 2022
PDF တည်ထောင်ကြောင်း တနှစ်ပြည့်အခမ်းအနား (ဓာတ်ပုံ)
1 / 5
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း ၁ နှစ်ပြည့်အခမ်းအနားကို တောင်ပိုင်းစစ်ဒေသနယ်မြေ၊ ​ဒေါနစစ်​ကြောင်း မြို့မ စခန်းမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်အလံအား အ​လေးပြုတာ၊ ဖက်ဒရယ်ဒီမိုက​ရေစီ​ရေးအတွက် အသက်​စွန့်လွှတ်သွားခဲ့သူအ​ပေါင်းကို အ​လေးပြုတာ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ရဲ့ သစ္စာဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုတာ၊ NUG အစိုးရ ကာကွယ်​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီးက ​ပေးပို့​တဲ့ သဝဏ်လွှာကို  ဖတ်ကြားခဲ့ကြပြီး တောင်ပိုင်းစစ်​ဒေသမှ တာဝန်ရှိသူ တပ်မှူးတွေက အမှတ်တရ စကား​ပြောကြားခဲ့ကြပါတယ်။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

လတ်တလောကာလမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ တနေ့တခြား အင်အားနည်းပါးလာပြီ ဖြစ်တာမို့ အခု ၂၀၂၂ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ ကြီးမားတဲ့ အချိုးအကွေ့ အောင်မြင်မှုတခုကို မလွဲမသွေ ရောက်ရှိလာ တော့မယ်လို့လည်း  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထု တရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာသိမ်းမှုကို မလိုလားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေအတွက် စက်ရုံထုတ်လက်နက် အနည်းဆုံး လိုအပ်ချက်ကို ရှာဖွေရရှိထားပြီဖြစ်ကာ ဝန်ကြီးဌာနအနေနဲ့ ဒီနေ့အထိ အမေရိကန်ဒေါ်လာ ၃၄ သန်းတိတိ ရရှိသုံးစွဲခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန သုံးစွဲခွင့်ရတဲ့ ငွေရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်နိုင်ရေးအတွက် သုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013