DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ဆက်သွယ်ရေးတာဝါတိုင်များအတွက် ဆီဖြည့်ရန်လာသည့် ကားနှင့် ဆီများကို PDF အဖွဲ့ သိမ်းဆည်း
DVB
·
May 5, 2022
စစ်ကိုင်းတိုင်းတွင် ဆက်သွယ်ရေးတာဝါတိုင်များအတွက် ဆီဖြည့်ရန်လာသည့် ကားနှင့် ဆီများကို PDF အဖွဲ့ သိမ်းဆည်း
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ရှိ  အော်ရီဒူး ဆက်သွယ်ရေး တာဝါတိုင်တွေကို စက်သုံးဆီသွားဖြည့်တဲ့ ဆီပေပါတင် ကားတစီးကို PDF ပူးပေါင်းအဖွဲ့က မေ ၅ ရက် မနက် ၈ နာရီလောက်မှာ ဖမ်းဆီး သိမ်းဆည်းလိုက်ခဲ့ပါတယ်။

မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ၅ မိုင်တိုးဂိတ်အနီးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လုပ်ဆောင်ခဲ့တဲ့အဖွဲ့ဟာ 'ချိုမိုင်မိုင်' ယင်းမာပင် ကနီ တပ်ပေါင်းစုအဖွဲ့နဲ့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပိတ်ပင်ထားတဲ့ လမ်းပိုင်းပေါ် အသုံးပြုတာ၊ ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီအဖွဲ့ စေခိုင်းတဲ့အတိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်တာ၊ သုံးစွဲသူ ပြည်သူတွေအပေါ် ဖုန်းဘေ အခွန်တိုးကောက်နေတာတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ PDF အဖွဲ့ နှစ်ဖွဲ့က  ပူးတွဲထုတ်ပြန်ကြေညာထားပါတယ်။

ဆီလာဖြည့်တဲ့ ဝန်ထမ်း ၄ ဦးဟာ ကား ၂ စီးနဲ့ လာတာဖြစ်ပြီး ကားတစီးက ပြည်သူပိုင်ဖြစ်တာကြောင့် အော်ရီဒူးရုံးပိုင်ကားတစီးနဲ့ ဆီပေပါ ၄ လုံး (ဂါလံ ၁၅၀ ခန့်) ကိုသာ သိမ်းဆည်းပြီး  ဝန်ထမ်း ၄ ဦးနဲ့ ပြည်သူပိုင်ကားတစီးကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကားနဲ့ ပစ္စည်းတွေ ပြန်လည်ရယူလိုပါက မေ ၅ ရက်ကစပြီး တလအတွင်း ဖုန်းလိုင်း အင်တာနက်လိုင်းတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝန်ဆောင်မှု အပြည့်အဝ ပြန်လည်ပေးဆောင်ဖို့ ပြောဆိုထားပြီး လက်ရှိအချိန်ထိတော့ အော်ရီဒူးရုံးဘက်က တစုံတရာ ပြန်တာမရှိသေးဘူးလို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013