DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ဦးခန့် သေဆုံး၊ အများအပြားဒဏ်ရာရ
DVB
·
May 4, 2022
ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ဦးခန့် သေဆုံး၊ အများအပြားဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မေ ၄ ရက် နေ့လယ်ပိုင်းက ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက် ၃၀ လောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ လူငယ်တော်လှန်ရေးတပ်ဦး YRF ကနေ သိရပါတယ်။

ပေါက်မြို့နယ် ပုသိမ်-မုံရွာ ကားလမ်းနဲ့ ချက်ကန်ကျေးရွာနားမှာ မေလ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ YRF တပ်ဖွဲ့၊ ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ် SPPDF(လယ်ယာ) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ အပြင်းအထန်ဖြစ်တာလို့ YRF ခေါင်းဆောင် ဗိုလ်နားပေါက်က ပြောပါတယ်။

“ကျနော်တို့ စခန်းချထားတဲ့ ချက်ကန်ရွာနားကို ဒီကနေ့ မေလ ၄ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအင်အား ၁၀၀ လောက် ထိုးစစ်ဆင်လာတာဗျ။ ကျနော်တို့တပ်ဖွဲ့ က အဲဒီရွာနားမှာ မိုင်းအလုံး ၂၀၀ လောက်မြှုပ်ထားတာ။ အပြင်းစားမိုင်း ၁၀ လုံးလောက်ပေါက်ကွဲ ပြီး စစ်ကောင်စီတပ်သား ၃၀ လောက် သေဆုံးကာ အများကြီးဒဏ်ရာရသွားတယ်။ အဲဒီနောက် ပထမဦးဆုံး ကျနော်တို့ရဲ့ကင်းစခန်းတွေကို မီးရှို့ပြီး ချက်ကန်ရွာကိုပါ မီးရှို့ ဖျက်ဆီးကြတယ်။ ကျနော်တို့တပ်ဖွဲ့တွေက စစ်(-) တွေ အလောင်းကော လက်နက်ပါရအောင် တိုက်မယ်လို့ ဆုံးဖြတ်ပြီး တိုက်ခဲ့တာဗျ။”

တိုက်ပွဲက ၁ နာရီကျော်လောက်ကြာအောင် အပြင်းအထန်ဖြစ်ပွားခဲ့ပြီး  လူငယ်တော်လှန်ရေးတပ်ဦး YRF ဘက်က  ရဲဘော်တယောက်  ဒဏ်ရာရရှိခဲ့ကာ  ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

တိုက်ပွဲမှာအတွင်းမှာ စစ်ကောင်စီဘက်က ၃၀ လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ YRF ခေါင်းဆောင်က ပြောဆိုထားပေမဲ့ ဒီဗွီဘီက  သီးခြားအတည်မပြုနိုင်သေးပါဘူး။

ချက်ကန်ကျေးရွာကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ရွာလုံးကျွတ် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်ဗျ။ နေ့လယ် ၁၂ နာရီလောက်ကျတော့ ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေကြားရပြီး ရွာဘက်က မီးခိုးလုံးတွေ မီးတောက်တွေ တက်လာတာတွေ့ရတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲဝင်မွှေနေတာဆိုတော့ ကျနော်တို့လည်း ရွာပြန်ပြီး မီးမငြှိမ်းရဲဘူး။ အဝေးကနေပဲ ကြည့်နေကြရတာ။ ကျနော်တို့ရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး အိမ်ခြေဘယ်လောက်မီးလောင်သွားပြီလည်းဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ချက်ကန်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို လည်း မေလ ၃ ရက် မနက် ၂ နာရီလောက်က YRFနဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးပြီး တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ အဆိုပါတိုက်ပွဲတွေနဲ့ ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ ကျေးရွာတွေကို မီးရှို့တာမရှိဘဲ PDF ကသာ မီးရှို့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013