DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်တွင် PDF စခန်း စီးနင်းခံရ
DVB
·
May 4, 2022
မတ္တရာမြို့နယ်တွင် PDF စခန်း စီးနင်းခံရ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးရှိ  နဂါးညီနောင်အဖွဲ့ရဲ့ PDF စခန်းတခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မေလ ၄ ရက် မနက် ၇ နာရီကျော်လောက်မှာ  စီးနင်းတိုက်ခိုက်ခံရပါတယ်။

မတ္တရာမြို့နယ်မှာ နေထိုင်သူတဦးက “တိုက်ခံရတာ နဂါးညီနောင် အဖွဲ့ရဲ့ စခန်းလို့ သိရတယ်။ PDF တွေတော့ ဖမ်းဆီးခံရတာမရှိဘူး။ စခန်းအနီးနားက ပြည်သူတချို့တော့ ဖမ်းခံရတာရှိတယ်။” လို့ပြောပါတယ်။

နဂါးညီနောင်၊ MDY PDF၊ ဇာမဏီ၊ MPDF တို့ မဟာမိတ် ၄ ဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ယောက် သေဆုံးပြီး ၅ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ PDF အဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ပြီး ပြည်သူ ၅ ယောက်ကို  စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့လည်း PDF ဘက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013