DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်အား PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
DVB
·
May 4, 2022
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်အား PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တပင်ခေါင်းရွာနဲ့ ကျားရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မေ ၂ ရက်နဲ့ ၃ ရက်နေ့တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၃၀ လောက်သေဆုံးပြီး ဗိုလ်ကြီးအဆင့် ၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ Snake Eye PDF က မေ ၄ ရက် မနက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းကို ဇီးဖြူကုန်းရွာနဲ့ ဆိပ်ခွန်ရွာကြားမှာ ဒေသခံ မဟာမိတ်တပ်ပေါင်းစု ၂ ဖြစ်တဲ့ SNAKE EYES PDF၊ C&T SHWEBO၊ ဒေါင်းမာန်၊ ဗိုလ်ကျားရိုင်း ပ က ဖ၊ Alpha 7၊ မဟူရာဇီးကွက် (ဒီပဲယင်း)၊ အရာတော်ရွှေဂျိုးဖြူ၊ People Defense Force Shwebo နဲ့ B F D F နဂါးတပ်စုတို့က လိုက်လံ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

“စစ်ကောင်စီဘက်က ၃၀ ဝန်းကျင်ခန့် ထိခိုက်ကျဆုံးပြီး ဗိုလ်ကြီးအဆင့် ၁ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။ စကစဘက်မှ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်” လို့ Snake Eye PDF သတင်းပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

အင်အား ၂၀၀ လောက်ပါတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေ ၂ ရက် မနက်က စစ်တပ်ကား ၉ စီးနဲ့ ဆိပ်ခွန်ကျေးရွာကို ဝင်ရောက်လာချိန်မှာ ဆိပ်ခွန်အနောက် မူးဘောင်လမ်းအတိုင်း ဆိုင်ကယ်စီးလာတဲ့ အသက် ၂၂ နှစ်အရွယ် ကိုရှိုင်းကို စစ်ကောင်စီတပ်က ဆိုင်ကယ်ရပ်ခိုင်းတာ ရပ်မပေးခဲ့တာကြောင့် ပစ်သတ်ကာ မသေမရှင်အနေအထားမှာ မီးရှို့ပြီး ရက်ရက်စက်စက် ထပ်မံ သတ်ဖြတ်သွားခဲ့တယ်လို့ ရွှေဘိုဒေသခံမီဒီယာတခုက ဖော်ပြပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ဟာ ဆိပ်ခွန်စံပြကျေးရွာမှာရှိတဲ့ ရဲစခန်းရဲ့ အရှေ့ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဆိပ်ခွန်စံပြကျေးရွာ အနောက်ခြမ်း လယ်ကွင်းပြင်တွေ တည်ရှိရာဘက်က အိမ်ခြေအနည်းငယ်ပဲရှိတဲ့ နံသာရွာ (ဆိပ်ခွန်) မှ မိသားစုဝင် ၅ ဦးရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ မိသားစုဝင် ၅ ဦးလုံး အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ ထပ်မံဖော်ပြထားပါတယ်။

မေ ၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ ညောင်ပင်သာကျေးရွာအတွင်းနဲ့ ကျေးရွာအနီးအနား တဝိုက်တို့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဗိုလ်တဲ့ကုန်း အရှေ့ဘက်ခြမ်းကိုလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်နေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၃ ရက်မှာ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခဲ့မှုကြောင့် ရွာလမ်းမပေါ်မှာ လူ ၅ ဦးရဲ့ အလောင်းတွေကို တွေ့ခဲ့ရပြီး အသက် ၂၀ ဝန်းကျင်ရှိ ကိုပြည့်ဖြိုးအောင်ကိုလည်း သူ့ရဲ့နေအိမ်ဝန်းအတွင်း မိသားစုရှေ့မှာပဲ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013