
ဖီဖာဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားလို အဓိကပြိုင်ပွဲတွေမှာ ရှယ်ယာတွေရောင်းချမဲ့ အငြင်းပွားဖွယ် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
ဒီအစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အပါအဝင် တခြားအဖွဲ့ချုပ်တွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တာပါ။ ဒီစီမံကိန်းက သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်စေတယ်လို့ အင်ဖန်တီနိုက ပြောပါတယ်။
အင်ဖန်တီနိုဟာ အသင်းတွေကို ဒေါ်လာ သန်း ၄၀ စီ ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ UEFA က အစီအစဉ် ဆက်လုပ်ရင် ကမ္ဘာ့ဖလားကို သပိတ်မှောက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဖီဖာရဲ့ စီအိုအို ကီဗင်လာမိုးကလည်း အုပ်ချုပ်ရေးအဖွဲ့ကို လှည့်ဖြားခဲ့တယ်လို့ ပြောပါတယ်။ အင်ဖန်တီနိုရဲ့ အကြီးတန်းအကြံပေး ကားလို့စ်ကော်ဒီယိုကတော့ ဒါဟာ ဘောလုံးလောကအတွက် မကောင်းဘူးလို့ ဆိုပါတယ်။ လာမဲ့ မတ်လမှာ ပြန်လည်အရွေးခံဖို့ အင်ဖန်တီနို ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Photo:Reuters










