DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ်၊ အယ်လ်ဖာစက်ရုံအဝင်လမ်းရှိ စစ်ဆေးရေးဂိတ် စီးနင်းတိုက်ခိုက်ခံရ
DVB
·
May 2, 2022
မတ္တရာမြို့နယ်၊ အယ်လ်ဖာစက်ရုံအဝင်လမ်းရှိ စစ်ဆေးရေးဂိတ် စီးနင်းတိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအနီး မန္တလေး -မိုးကုတ် ကားလမ်းမကြီးပေါ်မှာရှိတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ အဝင်လမ်း၊ ကွန်ကရစ်လမ်းထိပ်က စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ကို မေ ၂ ရက်နေ့ မနက်အစောပိုင်းက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပကဖ (မတ္တရာ) က ပြောပါတယ်။

မနက် ၂ နာရီ ၂၃ မိနစ်က စတင်တိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ ဆုတ်ခွာခဲ့ကြောင်းနဲ့ ပကဖတွေဘက်က အထိအခိုက် အကျအဆုံး မရှိဘူးလို့ ဆိုပါတယ်။

ပကဖ (မတ္တရာ) ရဲ့ တာဝန်ခံက “ကျောက်တံတားကနေ ဝသုန္တရကြားလေး။ အဲ့ဒီလမ်းပေါ်မှာ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ အဝင်လမ်းကြီးရှိတယ်၊ အဲ့နားမှာကျတော့ ကွန်ကရစ်လမ်းကြီးပေါ့ဗျာ၊ အဲ့ဒီနေရာမှာ အမြဲတမ်းစစ်ဆေးရေးဂိတ်ရှိတယ်၊ နောက်ပြီးကျတော့ အဲ့ဒီလမ်းရဲ့ အရှေ့ဘက်မှာကျတော့ ချောင်းမကြီးဘောင်ပေါ်မှာ ဘိလပ်မြေစက်ရုံရဲ့ ရေတင်စက်ရုံရှိတယ်၊ အဲဒီစက်ရုံထဲမှာလည်း စစ်တပ်ရှိတယ်၊ အဲဒီနှစ်နေရာလုံးကို တပြိုင်တည်း ဝင်တိုက်တာပေါ့” လို့ ပြောပါတယ်။

ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအပြီး မနက် ၃ နာရီခွဲလောက်မှာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်တွေဘက်က မနက် ၄ နာရီလောက် ရမ်းသမ်းပစ်ခတ်နေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နေရာနဲ့အနီး နှစ်မိုင်ခန့်အတွင်းမှာ စစ်တပ်လေးခုလောက်ရှိတဲ့ကြားက ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အတော်များများ သေဆုံးခဲ့ပြီး စာရင်းအတိအကျကိုတော့ မသိရသေးဘူးလို့ တာဝန်ခံက ဆိုပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ ‌ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ ကျေးရွာသားတွေကို မီးရှို့သတ်ဖြတ်တာတွေအထိ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013