DVB Logo
Home
မြန်မာသတင်း
BGF ထိန်းချုပ် ပွင့်လင်းအေးမြိုင်ရွာကို စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျ၊ ဘုန်းကြီးနှစ်ပါး ဒဏ်ရာရ
DVB
·
May 1, 2022
BGF ထိန်းချုပ် ပွင့်လင်းအေးမြိုင်ရွာကို စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျ၊ ဘုန်းကြီးနှစ်ပါး ဒဏ်ရာရ
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ ပွင့်လင်းအေးမြိုင်ကျေးရွာထဲကို စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုန်းတော်ကြီးနှစ်ပါး ဒဏ်ရာရရှိသွားတယ်လို့ မြဝတီ သတင်းအရင်းအမြစ်တစ်ယောက်က ပြောပါတယ်။

ဧပြီ ၃၀ ရက်နေ့ ည ၆ နာရီကျော်လောက်မှာ ပွင့်လင်းအေးမြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းထဲကို စစ်ကောင်စီတပ် ခမရ ၂၇၅ မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျခဲ့တာပါ။

ဒေသတွင်းသတင်းအရင်းအမြစ်က “မနေ့ည ၆ နာရီခွဲမှာ ရွာဦးကျောင်းကို လက်နက်ကြီး ၂ လုံးကျတယ်။ ခမရ ၂၇၅ က ပစ်တယ်လို့ပြောတယ်။ ဘုန်းကြီးနှစ်ပါး အောက်ပိုင်းထိသွားတယ်။ အောက်ပိုင်းဆိုတာ လက်နက်ကြီးကျည်စတွေ ဝင်ကုန်တာ။ ပြီးတော့ ရွာ အရှေ့မြောက်ဘက်ထိပ်ကိုလည်း လက်နက်ကြီး နှစ်လုံးထပ်ကျတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၉ ရက်မှစပြီး မြဝတီမြို့ အမှတ် ၄ ရပ်ကွက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဧပြီ ၃၀ ရက်က ပွင့်လင်းအေးမြိုင်ကျေးရွာဘက်မှာပါ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားကာ ဒေသခံ BGF ၂ ယောက်ကိုလည်း BGF တပ်ဖွဲ့အချင်းချင်းက ဖမ်းဆီးသွားတယ်လို့ မြဝတီ သတင်းအရင်း အမြစ်က ပြောပါတယ်။

'”ဧပြီ ၂၉ ရက်မှာ မြဝတီအမှတ် ၄ ရပ်ကွက်မှာ BGF တွေနဲ့ စစ်တပ်နဲ့ ပေါင်းထားတဲ့တပ်ကို KNU က လာတိုက်တယ်။ တနေကုန်ချကြရင်းနဲ့ အရပ်သားတွေရပ်ကွက်ထဲမှာ ပိတ်မိရင်းနဲ့ ပြီးသွားတယ်။ ဧပြီ ၂၉ ရက်နေ့ကြတော့ ပွင့်လင်းအေးမြိုင်ရဲ့မြောက်ဘက်မှာ ရွာတွေပေါ့။ ရွာဆိုတာ အခုမှ စတည်ခါစ လူတွေနေခါစပေါ့။ အဲဒီမှာ ရွှေမြဝတီဈေးဆိုတာရှိတယ်။ DKBA က တည်ထားတဲ့ ဈေးသစ်ကြီး၊ ဆောက်ပြီးခါစပဲရှိသေးတယ်။ ကိုဗစ်ဖြစ်လို့ မဖွင့်ရတာ။ အဲဒီ ဘက်ကိုလာပြီးတော့ BGF အချင်းချင်းပဲ ၂ ယောက်ကို ဖမ်းသွားတယ်။ BGF တပ်ဖွဲ့က လာပြီတော့ အဲဒီက အထိုင် BGF ၂ ယောက်ကို ဖမ်းသွားတယ်။ မနေ့ကလည်း တနေကုန် အဲဒီဘက်ခြမ်းတွေမှာ ကြိုကြား ကြိုကြား တိုက်ပွဲတွေဖြစ်နေတာ ညနေခင်းအထိပဲ။”

၂ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မနေ့ညပိုင်းမှာတော့ KNU တပ်ဖွဲ့တွေရှိရာကို ခမရ ၂၇၅ က လက်နက်ကြီးနဲ့ပစ်ခတ်ပေမဲ့  ပွင့်လင်းအေးမြိုင်ကျေးရွာထဲကိုသာ  လက်နက်ကြီး ကျည်ကျရောက်ခဲ့တယ်လို့ သိရပါတယ်။

ပွင့်လင်းအေးမြိုင်ကျေးရွာဟာ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ ကျေးရွာဖြစ်ပြီး ရွာအတွင်းမှာ BGF တပ်စခန်းရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013