DVB Logo
Home
မြန်မာသတင်း
တပ်ပျက်နေပြီဟေ့ ကြွေးကြော်သံဖြင့် မင်းအောင်လှိုင်ပုံကို ချနင်းပြီး ချီတက်ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
May 1, 2022
တပ်ပျက်နေပြီဟေ့ ကြွေးကြော်သံဖြင့် မင်းအောင်လှိုင်ပုံကို ချနင်းပြီး ချီတက်ဆန္ဒပြ (ဓာတ်ပုံ)
1 / 4
Donate to DVB

ရန်ကုန်တိုင်း တာမွေမြို့နယ် လမ်းမပေါ်မှာ  "တပ်ပျက်နေပြီ ဟေ့" ကြွေးကြော်သံနဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ပုံကို ချနင်းပြီး  စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မင်းအောင်လှိုင် ရုပ်ပုံပါဝင်တဲ့ ဗီနိုင်းကို သပိတ်ချီတက်လာရာ လမ်းကြောင်းမှာ ကော်ဇော်နီတခုသဖွယ် ဖြန့်ခင်း နင်းချကာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဒါ့အပြင် “ Biden, The More You Delay, The More We Suffer, Sanction Gas Revenues Now ! နဲ့ စစ်အုပ်စုတွေ အမြစ်ပြတ်ဖို့ ရန်ပုံငွေတွေ ဖြတ်တောက်စို့” စတဲ့စာတန်းတွေကိုင်စွဲပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့နဲ့ ပြည်သူတွေကလည်း ပိတ်ဆို့အရေးယူနိုင်ရေး ဝိုင်းဝန်းတောင်းဆို လှုံ့ဆော်ကြဖို့ ဆန္ဒပြသူတွေ နှိုးဆော်ခဲ့ကြပါတယ်။

အဆိုပါပြောက်ကျားသပိတ်စစ်ကြောင်းအား Yangon Revolution Force - YRF (Soft Strike Community)၊ အခြေခံကျောင်းသားများရေးရာအဖွဲ့ ( အ.က.ရ) နဲ့ Revolution Force - RF အဖွဲ့ဝင် တော်လှန်လူငယ်တွေ ပူပေါင်း ချီတက်ခဲ့ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013