ရန်ကုန်တိုင်း တာမွေမြို့နယ် လမ်းမပေါ်မှာ "တပ်ပျက်နေပြီ ဟေ့" ကြွေးကြော်သံနဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ပုံကို ချနင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မင်းအောင်လှိုင် ရုပ်ပုံပါဝင်တဲ့ ဗီနိုင်းကို သပိတ်ချီတက်လာရာ လမ်းကြောင်းမှာ ကော်ဇော်နီတခုသဖွယ် ဖြန့်ခင်း နင်းချကာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဒါ့အပြင် “ Biden, The More You Delay, The More We Suffer, Sanction Gas Revenues Now ! နဲ့ စစ်အုပ်စုတွေ အမြစ်ပြတ်ဖို့ ရန်ပုံငွေတွေ ဖြတ်တောက်စို့” စတဲ့စာတန်းတွေကိုင်စွဲပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူဖို့နဲ့ ပြည်သူတွေကလည်း ပိတ်ဆို့အရေးယူနိုင်ရေး ဝိုင်းဝန်းတောင်းဆို လှုံ့ဆော်ကြဖို့ ဆန္ဒပြသူတွေ နှိုးဆော်ခဲ့ကြပါတယ်။
အဆိုပါပြောက်ကျားသပိတ်စစ်ကြောင်းအား Yangon Revolution Force - YRF (Soft Strike Community)၊ အခြေခံကျောင်းသားများရေးရာအဖွဲ့ ( အ.က.ရ) နဲ့ Revolution Force - RF အဖွဲ့ဝင် တော်လှန်လူငယ်တွေ ပူပေါင်း ချီတက်ခဲ့ကြတာလို့ သိရပါတယ်။