DVB Logo
Home
မြန်မာသတင်း
ရွာလုံးကျွတ်မီးရှို့ခံရသည့်ကျောက်အိုးရွာကို ပြည်သူ့ကာကွယ်ရေးတပ်များ စားနပ်ရိက္ခာ ထောက်ပံ့
DVB
·
May 1, 2022
ရွာလုံးကျွတ်မီးရှို့ခံရသည့်ကျောက်အိုးရွာကို ပြည်သူ့ကာကွယ်ရေးတပ်များ စားနပ်ရိက္ခာ ထောက်ပံ့
Donate to DVB

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံထားရတဲ့ ကျောက်အိုးကျေးရွာ ပြည်သူတွေကို ဧပြီ ၃၀ နေ့ နေ့နဲ့ YRF တပ်ဖွဲ့က စားနက်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း CDF-မင်းတပ်က စားနပ်ရိက္ခာတွေနဲ့ ငွေကြေးတွေ လာရောက်ထောက်ပံ့ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကို လူငယ်တော်လှန်ရေးတပ်ဦး YRF က လာရောက်လှူဒါန်းပေးတဲ့အတွက် အတိုင်းမသိ ဝမ်းသာရပါတယ်။ နောက်နောင်မှာလည်း အခုလို လှူဒါန်းတဲ့သူတွေ ပေါ်ပေါက်ဖို့ မျှော်နေရတယ်” လို့ ကျောက်အိုးရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF-မင်းတပ်ကလည်း စားနက်ရိက္ခာတွေနဲ့ ငွေ ၇၀၀,၀၀၀ ကျပ် လာရောက်လှူဒါန်းပေးခဲ့လို့ တောင်ပေါ်မြေပြန့် ခွဲခြားစိတ်မရှိဘဲ လာလှူပေးတဲ့ သွေးချင်းတွေကို အရမ်းကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၁ ရက်နေ့က စလို့ စစ်ကောင်စီတပ်တွေ စစ်ကြောင်ထိုးကာ ၅ ရက်တိတိစခန်းချပြီး ရွာမှာရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ် နေအိမ် ၈၄ လုံး မီးလောင်ဆုံးရှုံးကာ တောထဲမှာ စားနပ်ရိက္ခာတွေနဲ့ ပစ္စည်းတွေထားတဲ့ တဲတွေကိုပါ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အချိန်မှာ တရွာလုံးဘေးလွတ်ရာ ထွက်ပြေးကြရပြီး မိုးကာတွေနဲ့ တဲထိုးနေထိုင်ကြရကာ ဒီနေ့အချိန်ထိ ရွာကိုမပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

“စစ်ကြောင်းထပ်ထိုးလာမှာကြောက်လို့ တချို့က မီးလောင်ထားတဲ့ သွပ်ကလေးတွေကာ၊ တစ်ချို့က ထန်းလက်ကလေးတွေမိုးပြီး တစ်ချို့က မိုးကာတွေနဲ့ ဖြစ်သလိုနေထိုင်ကြရတယ်” လို့ ကျောက်အိုးရွာသားက ပြောပါတယ်။

မိုးရာသီရောက်တော့မှာဖြစ်လို့ နောက်ထပ်နေရာရွှေ့ရမယ်ဆိုရင်လည်း မိုးကာတွေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကျောက်အိုးကျေးရွာ ဒေသခံပြည်သူတွေကို စင်ကာပူရောက်ညီအစ်ကိုမောင်နှမတွေက YRF ကနေတဆင့် လှူဒါန်းပေးလို့ ဧပြီ ၃၀ ရက်နေ့မှာ ဆန်အိတ် ၃၆ အိတ်နဲ့ ဆီ ၂ ပုံး သွားရောက်လှူဒါန်ပေးခဲ့တာလို့ YRF ခေါင်းဆောင် ဗိုလ်နားပေါက်က ပြောပါတယ်။

နိုင်ငံတဝန်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေအနေနဲ့ တပ်ရင်းတရင်း ထောင်မယ်ဆိုရင် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူရဲ့ အထောက်အပံ့နဲ့ ရပ်တည်ကြရတာဖြစ်လို့ အခုလို လှူဒါန်းပေးတာဖြစ်ပြီး တော်လှန်ရေးလုပ်တယ်ဆိုတာက တိုက်ခိုက်ဖို့ တခုတည်းမဟုတ်ဘဲ  ပြည်သူလူထု အခက်အခဲဒုက္ခဖြစ်နေတဲ့ အချိန်မှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ် ခံယူထားတယ်လို့ ပြောပါတယ်။

“စတည်ထောင်တုန်းကဆို ပြည်သူတွေက ထောက်ပံပေး ကျွေးမွေးပေးခဲ့ကြသလို ဒီအချိန် ပြည်သူတွေဒုက္ခ ဖြစ်တဲ့အချိန်မှာ ဒီအတိုင်းပစ်ထားလို့မရဘူး။ ကျနော်တို့ အဖွဲ့စည်းတွေ‌လည်း ပြန်ကြည့်ရမယ်၊ ကျနော်တို့ စားရရင် ပြည်သူတွေ ဘယ်တော့မှ မငတ်စေရဘဲ ကျနော်တို့ စားရသလို ပြည်သူတွေ စားရမယ်” လို့ လူငယ်တော်လှန်ရေးတပ်ဦး YRF ခေါင်းဆောင် ဗိုလ်နားပေါက်က ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်က ရှားလှကျေးရွာက မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုလည်း ဧပြီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ လူငယ်တော်လှန်ရေးတပ်ဦး YRF တပ်ဖွဲ့ က ဆန်ရိက္ခာတွေ လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ ကျေးရွာတွေကို မီးရှို့တာမျိုး ကျူးလွန်တာမရှိဘဲ PDF အကြမ်းဖက်တွေကသာ မီးရှို့မှုတွေ ပြည်သူတွေကို ဒလန်လို့ စွပ်စွဲပြီး သတ်ဖြတ်တာတွေ ဆက်တုက်ကျူးလွန်နေတယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပေမယ့်လည်း ပြည်သူလူထုကတော့ စစ်ကောင်စီတပ်တွေက ရွာတွေကို ဝင်ရောက်မီးရှို့ဖျက်စီးကြတာလို့ ပြောဆိုထားပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း အစပ်က ကျေးရွာ ၂၀ ရွာလောက်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့လို ပြည်သူ ၂၀,၀၀၀ လောက်ထွက်ပြေးနေရကာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်နဲ့ ဆေးဝါး အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013