DVB Logo
Home
မြန်မာသတင်း
ဂျပန်အထက်တန်းကျောင်းသူလေးက Yangon Karuta ကစားနည်းဖြင့် နွေဦးရန်ပုံငွေပွဲတွင် ပူးပေါင်းပါဝင်
DVB
·
April 30, 2022
ဂျပန်အထက်တန်းကျောင်းသူလေးက Yangon Karuta ကစားနည်းဖြင့် နွေဦးရန်ပုံငွေပွဲတွင် ပူးပေါင်းပါဝင်
1 / 10
Donate to DVB

ဂျပန်နိုင်ငံက အထက်တန်းကျောင်းသူလေး နိုနာခယူနာစံဟာ Yangon Karuta လို့ အမည်ပေးထားတဲ့ သူကိုယ်တိုင်တီထွင်ထားတဲ့  ဂျပန်ရိုးရာ ခရုတကတ်ပြား ကစားနည်းနဲ့ ဧပြီ ၃၀ ရက်က တိုကျိုမြို့မှာ ကျင်းပတဲ့  နွေဦးတော်လှန်ရေး မြန်မာအစားအစာရောင်းချပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတဲ့  နိုနာခ ယူနစံက  “မြန်မာပြည်ရဲ့ အေးချမ်းသာယာလှပမှုတွေကို ဂျပန်လူမျိုးတွေ သိရှိခံစားနိုင်အောင်နဲ့ လက်ရှိမြန်မာနိုင်ငံကို မမေ့လျော့အောင်အခုလို ကစားနည်းသစ်တခုကို တီထွင်ပြီး ပူးပေါင်းပါဝင်တာဖြစ်တယ်” လို့  ရန်ပုံငွေပွဲမှာ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့ရှု့ခင်း မြန်မာ့ယဉ်ကျေးမှုအလှဓာတ်ပုံလေးတွေနဲ့ ပေါင်းစပ်တီထွင်ဖန်တီးထားတဲ့ Yangon Karuta ကစားနည်းကို  ကွန်နက်မိသားစုရဲ့ ၇ ကြိမ်မြောက် ရန်ပုံငွေပွဲမှာ  လာရောက်သူတွေက နိုနာခယူနစံနဲ့အတူ ဆော့ကစားခဲ့ကြပါတယ်။ 

ဒီပွဲမှာ မြန်မာ့နှစ်သစ်မင်္ဂလာရိုးရာ မုန့်လုံးရေပေါ်၊ ရှမ်းခေါက်ဆွဲတို့အပြင် မြန်မာ့ရိုးရာ အစားအစာတွေကိုလည်း ဂျပန်ရောက်မြန်မာနိုင်ငံသားတွေအပြင် ဂျပန်လူမျိုးတွေကလည်း လာရောက်စားသုံးကြတာ တွေ့ရပါတယ်။

ရန်ပုံငွေပွဲကိုလာရောက်အားပေးသူ ဦးသောင်းမြင့်ဦးက “ နွေဦးတော်လှန်ရေးမှာက စစ်ကောင်စီကို လက်မခံ တွန်းလှန်ရာမှ မြန်မာနိုင်ငံသားတွေသာမက ဂျပန်လူမျိုး လူကြီးလူငယ်ပါမကျန် အားပေးကူညီနေကြတာမို့ နွေဦးတော်လှန်ရေး အရေးတော်ပုံကြီးက မုချအောင်မြင်မှာဖြစ်တယ်”လို့ ပြောပါတယ်။

ဂျပန်ကျောင်းသူလေးရဲ့ Yangon Karuta ကစားနည်းနဲ့ မြန်မာ့ရိုးရာစားစရာ ရောင်းချရတဲ့ အလှူငွေတွေကို  မြန်မာနိုင်ငံမှ စစ်ဘေးရှောင် တိုင်းရင်းသားမောင်နှမတွေထံ ထောက်ပံ့သွားဖို့ ရည်ရွယ်ထားတယ်လို့ ကွန်နက်အဖွဲ့မှ မသိင်္ဂီ ကပြောပါတယ်။

ဂျပန်လူမျိုးတွေအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေကြောင်းနဲ့  မြန်မာပြည်သူတွေ အားတင်းထားကြဖို့ Yangon Karuta အဖွဲ့ဝင် ဂျပန်လူမျိုးဘွဲ့လွန်ကျောင်းသား အီရှိကဝစံကလည်း ဒီဗွီဘီကို  ပြောပါတယ်။ 

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013