DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယားရောက် မြန်မာများ၏ ထောက်ပံ့တပ်သားသစ် စုဆောင်းပွဲ ကျင်းပမည်
DVB
·
April 30, 2022
တောင်ကိုရီးယားရောက် မြန်မာများ၏ ထောက်ပံ့တပ်သားသစ် စုဆောင်းပွဲ ကျင်းပမည်
Donate to DVB

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC အဖွဲ့ရဲ့ ထောက်ပံ့တပ်သားသစ်တွေ ကြိုဆိုခြင်းနဲ့ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို ဂုဏ်ပြု အလေးပြုမယ့်အခမ်းအနားကို မေလ ၁ ရက် တနင်္ဂနွေ မနက်  ၁၀ နာရီမှာ အင်ချွန်းမြို့မှာရှိတဲ့ ဘူဖြောင်းအဝိုင်းမှာ ကျင်းပဖို့ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု ပြည်ပထောက်ပံ့ ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့  မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC - Korea အဖွဲ့ကို တောင်ကိုရီးယားရောက် မြန်မာ ၇၀၀ ကျော်နဲ့ စုဖွဲ့ထားတာပါ။

တောင်ကိုရီးယားမှာ မြန်မာ  ၃၀၀၀၀ ကျော်လောက်ရှိပြီး  အဲဒီအထဲက ထက်ဝက်ကျော် ပူးပေါင်းလာဖို့ မျှော်လင့် စည်းရုံးစုဆောင်းနေတယ်လို့ MFDMC - Korea အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

လက်ရှိမှာတော့ ထောက်ပံ့ရေးတပ်သား ၇၀၀ ကျော်သာ ပါဝင်ထားတဲ့အတွက် မေလ ၁ ရက်နေ့မှာ ကျင်းပမယ့် မြန်မာတွေရဲ့ ထောက်ပံ့တပ်သားသစ် စုဆောင်းပွဲ အခမ်းအနားကို တောင်ကိုရီးယားကို ရောက်နေတဲ့ မြန်မာပြည်သူတွေအားလုံး တက်ရောက်ပေးကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကတိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေကို ပြည်ပရောက်မြန်မာတွေရဲ့ ထောက်ပံ့မှုက အရေးကြီးတဲ့အတွက်ကြောင့် တောင်ကိုရီးယား ပြည်သူတွေအနေနဲ့  MFDMC-Korea အဖွဲ့နဲ့ ဆက်သွယ်ပြီး ထောက်ပံ့တပ်သားအဖြစ် ပူးပေါင်းပါဝင်ကြဖို့လည်း ပွဲစီစဉ်သူတွေက ဖိတ်ခေါ်ထားပါတယ်။

စိတ်ဝင်စားသူ တောင်ကိုရီးယားရောက်မြန်မာပြည်သူတွေအနေနဲ့ MFDMC-Korea အဖွဲ့ရဲ့ လူမှုကွန်ရက် facebook link https://www.facebook.com/MFDMCkorea ကနေ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013