DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် ဗုံးကွဲမှုကြောင့် စွပ်စွဲဖမ်းဆီးခံထားရသူ ၂ ဦး ထောင်ဒဏ်တသက်ချမှတ်ခံရ
DVB
·
April 30, 2022
ထားဝယ်တွင် ဗုံးကွဲမှုကြောင့် စွပ်စွဲဖမ်းဆီးခံထားရသူ ၂ ဦး ထောင်ဒဏ်တသက်ချမှတ်ခံရ
Donate to DVB

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် တနင်္သာရီတိုင်း​၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်မှာ စွပ်စွဲဖမ်းဆီးခံထားရသူ ၂ ဦးကို ဧပြီ ၂၆ ရက်နေ့က ထားဝယ်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ်တသက် ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) က သိရပါတယ်။

အခုထောင်ဒဏ်ချမှတ်ခံရသူတွေမှာ အသက် ၅၀ အရွယ် ဦးစောရွှေနဲ့ အသက် ၃၅ နှစ်အရွယ် ကိုစိုးမင်းထွေးတို့ဖြစ်ကြပြီး အရင်နှစ် စက်တင်ဘာလက လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာက အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်ကွဲမှုကြောင့် စွပ်စွဲဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ပေါက်ကွဲပုဒ်မ ၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ တို့နဲ့ တရားစွဲဆိုခံခဲ့ရပြီး အခုလို အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၁ ရက်နေ့က လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့နေအိမ် ဗုံးပေါက်ကွဲမှုကြောင့် ဇနီးဖြစ်သူနဲ့ အသက် ၁၃ နှစ်အရွယ်ရှိ တူမဖြစ်သူတို့ သေဆုံးခဲ့ပြီး ဒေသခံတွေကတော့ အခုအမိန့်ချမှတ်ခံရတဲ့သူတွေဟာ ဗုံးပေါက်ကွဲမှုနဲ့ သက်ဆိုင်ခြင်းမရှိဘဲ စွပ်စွဲဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

အဲဒီ သောကြာပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့နေအိမ် ဗုံးပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ဒီနေ့အထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အခုလို အမိန့်ချမှတ်တာနဲ့ ပတ်သက်ပြီး ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) တာဝန်ရှိသူတဦးက "အခုက သူတို့စွဲချင်တဲ့ ပုဒ်မနဲ့စွဲပြီး ချချင်တဲ့ထောင်ဒဏ်ကိုချနေတာ၊ ဘာသက်သေနဲ့ အခုလိုလုပ်တာလဲ မသိရဘူး၊ ကျနော်တို့သိရသလောက်ကတော့ သူတို့ဟာ သာမာန်ရွာသားတွေပဲ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကာလအတွင်း ထားဝယ်အကျဥ်းထောင်မှာ အခုထောင်ဒဏ်တသက်ချမှတ်ခံရတာဟာ ပထမဆုံးနဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပြီး ဒုတိယအမြင့်ဆုံးကတော့ ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ခံထားရတာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013