DVB Logo
Home
မြန်မာသတင်း
မလေးရှားစွမ်းအင်ကုမ္ပဏီ Petronas မြန်မာကမ်းလွန်ရေနံလုပ်ငန်းမှ နုတ်ထွက်
DVB
·
April 29, 2022
မလေးရှားစွမ်းအင်ကုမ္ပဏီ Petronas မြန်မာကမ်းလွန်ရေနံလုပ်ငန်းမှ နုတ်ထွက်
Donate to DVB

မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petronas ရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ PETRONAS Carigali Myanmar Inc (PCMI) နဲ့ PC Myanmar (Hong Kong) Limited (PCML)  ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း  ရဲတံခွန် လုပ်ကွက်အမှတ် M12၊ M13 နဲ့ M14 တို့ကနေ နုတ်ထွက်ကြောင်း ဧပြီ ၂၉ ရက် ဒီနေ့ ကြေညာပါတယ်။

ပြောင်းလဲနေတဲ့ စက်မှုပတ်ဝန်းကျင်နဲ့ အရှိန်မြှင့်နေတဲ့ စွမ်းအင်အကူးအပြောင်းကြားမှာ ကုမ္ပဏီရဲ့ တိုးတက်မှုရည်မှန်းချက်တွေနဲ့ကိုက်ညီအောင် Petronas ရဲ့ မဟာဗျူဟာအလိုက်  စေ့စပ်သေချာတဲ့ နည်းပညာ- ကူးသန်းရောင်းဝယ်ရေး ပြန်လည်သုံးသပ်မှုအပြီးမှာ ဒီဆုံးဖြတ်ချက်ကို  ချမှတ်ခဲ့တာလို့ ကုမ္ပဏီက ပြောပါတယ်။

သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ မနှစ်က အာဏာသိမ်းပြီးကတည်းက စစ်တပ်က ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မငြိမ်မသက်ဖြစ်နေမှုတွေကိုတော့ နုတ်ထွက်ရတဲ့ အကြောင်းရင်းအဖြစ် မဖော်ပြထားပါဘူး။ 

PC Myanmar (Hong Kong) Limited (PCML) ကုမ္ပဏီဟာ ရဲတံခွန်ဓာတ်ငွေ့စီမံကိန်းကို ၂၀၀၃ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး သူဟာ အစုရှယ်ယာ  ၄၀  ဒသမ ၉ ရာခိုင်နှုန်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

တခြားလုပ်ဖော်ကိုင်ဖက်တွေမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း က ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊ Nippon Oil Exploration (Myanmar) Limited က   ၁၉ ဒသမ ၃ ရာခိုင်နှုန်း နဲ့ PTTEP International Limited  ၁၉ ဒသမ ၃ ရာခိုင်နှုန်း တို့ ပါဝင်ပါတယ်။ 

ကိုးကား- Petronas/CNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013