DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် ကေအန်ယူ တပ်မဟာ ၅ အရာရှိ ၁ ဦး ကျဆုံး
DVB
·
April 29, 2022
လေကြောင်းတိုက်ခိုက်မှုကြောင့် ကေအန်ယူ တပ်မဟာ ၅ အရာရှိ ၁ ဦး ကျဆုံး
1 / 2
Donate to DVB

ကေအန်ယူနယ်မြေ ဖာပွန်(မူတြော်) ခရိုင်ရှိ စစ်ကောင်စီရဲ့ ကျောက်ညှပ်တပ်စခန်းသိမ်းတိုက်ပွဲအပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် KNLA တပ်မဟာ ၅ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးသွားတယ်လို့ ကေအန်ယူ သတင်းအရင်းအမြစ်က သိရပါတယ်။

ဧပြီ ၂၈ ရက် မနက်ပိုင်းက ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၄၃၄ တပ်ရင်းက တပ်စခန်းကို KNLA တပ်မဟာ ၅၊ ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးကရှော ဦးဆောင်ပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးပြီး ရဲဘော် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် မယ်နုထာ့ကျေးရွာ အပါအဝင် စခန်းအနီးနေထိုင်တဲ့ အရပ်သား ပြည်သူတွေဟာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးများခဲ့သလို KNLA ပူးပေါင်းတပ်ဘက်က ဗိုလ်မှူးကြီးစောထူးကရှော အပါအဝင် ထိခိုက်ကျဆုံးသူ အနည်းငယ်ရှိတယ်လို့ ကေအန်ယူသတင်းရင်းမြစ်က ဆိုပါတယ်။

ကေအန်ယူနဲ့ နီးစပ်သူတဦးက “ဒီသတင်းမှန်ခဲ့ရင်တော့ ကျနော်တို့ ကရင်တမျိုးသားလုံးအတွက် စိတ်မကောင်းစရာပဲ။ သူက သဘောကောင်းတယ်။ တိုက်ခိုက်ရေးမှာလည်း ထူးချွန်တယ်။ တပ်မဟာအတွက် အားကိုးရတဲ့ တိုက်ခိုက်ရေးသမားတဦး” လို့ ပြောပါတယ်။

တပ်မဟာ ၅ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောထူးကရှော လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ကေအန်ယူက တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

ဗိုလ်မှူးကြီးစောထူးကရှောဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅၊ ဖာပွန် (မူတြော်) ခရိုင်ရဲ့ ခရိုင်အလုပ်အမှုဆောင်တဦးဖြစ်ပြီး ဖာပွန်ခရိုင်၊ တိုးညိုးကျေးရွာဇာတိ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013