DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ လျှပ်စစ်မီတာရုံးကို မြို့ပြပြောက်ကျား ၂ ဖွဲ့ ဗုံးခွဲတိုက်ခိုက်
DVB
·
April 29, 2022
လှိုင်သာယာ လျှပ်စစ်မီတာရုံးကို မြို့ပြပြောက်ကျား ၂ ဖွဲ့ ဗုံးခွဲတိုက်ခိုက်
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်းစက်မှုဇုန်မှတ်တိုင်နားက လျှပ်စစ်မီတာရုံးကို From Zero To Hero နဲ့ Mco Ldf Army မြို့ပြပြောက်ကျားအဖွဲ့ ၂ ဖွဲ့ပူးပေါင်းကာ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၉ ရက် ဒီကနေ့မနက် ၉ နာရီခွဲလောက်မှာ ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အဆိုပါရုံးမှာ ကျွန်စိတ်နဲ့ အလုပ်လုပ်နေတဲ့ သစ္စာဖောက်လောက်ကောင်တွေကို ပြည်သူ့ဘက်မှ ရပ်တည်ဖို့ နောက်ဆုံးအကြိမ် သတိပေးတာလို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း မီတာရုံးဝန်ထမ်းတွေဟာ ရပ်ကွက်တွေမှာ အတင်းအကျပ်မီတာဆောင်ခိုင်းတာ၊ မီတာပုံးဖြုတ်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူအပေါ် အာဏာသုံးဖိနှိပ်တာတွေမလုပ်ဖို့ နောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗုံး​ပေါက်ကွဲပြီး​နောက် ထိခိုက်ပျက်စီးမှုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ From Zero To Hero ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထားသလို စစ်ကောင်စီဘက်က  ထုတ်ပြန်ထားတာလည်း မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းယူထားခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ မြို့ရွာ အနှံ့ ပြင်းထန်နေခဲ့သလို မြို့ပြပျောက်ကြားအဖွဲ့တွေနဲ့ ပြည်သူအပေါ် ဗိုလ်ကျစိုးမိုးနေတဲ့ စစ်အုပ်စုဒေါက်တိုက်တွေကြား မြို့ပြတိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

သတင်းပေးဒလန်တွေ၊ ပျူစောထီးတွေအပါအဝင် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ အကြမ်းဖက်ဝါဒီ စစ်ကောင်စီကို အမြန်ဆုံးစွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နဲ့ ပြည်သူ့ တော်လှန်ရေး အင်အားစုတွေဆီ လက်နက်တွေအပ်နှံပြီး  အချိန်မီပူးပေါင်းကြဖို့နဲ့ ပူးပေါင်းလာသူတွေကို လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးသွားမယ်လို့  NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013