DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်နှင့်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းစုက ပွဲစားလုပ်ပြီး လက်နက်ဝယ်ယူပေးနေ
DVB
·
April 29, 2022
စစ်ခေါင်းဆောင်နှင့်ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းစုက ပွဲစားလုပ်ပြီး လက်နက်ဝယ်ယူပေးနေ
Donate to DVB

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစုနဲ့ ဆက်နွှယ်တဲ့ ခရိုနီ စီးပွားရေးလုပ်ငန်းစု Star Sapphire Group ဟာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူရေးမှာ ကြားခံပွဲစားအဖြစ် အဓိက ပါဝင်ပတ်သက်နေတယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

Justice For Myanmar က ရရှိတဲ့ အချက်အလက်တွေအရ အစ္စရေးလ်နဲ့ တရုတ်နိုင်ငံတို့မှ Elibt Systems၊ Israel Shipyards၊ Israel Aerospace Industries၊ NORINCO အမည်ရှိ ကုမ္ပဏီတို့နဲ့ မြန်မာစစ်ကောင်စီအကြားမှာ Star Sapphire Group မှ အကြီးအကဲဖြစ်သူ ဒေါက်တာထွန်းမင်းလတ်က လက်နက်ဝယ်ယူရေးအတွက် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး မြန်မာလူထုအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကူညီထောက်ပံ့ပေးနေတာလို့ ဆိုပါတယ်။

ဒေါက်တာထွန်းမင်းလတ်နဲ့ မြန်မာစစ်တပ်တို့အကြားမှာ ဆယ်စုနှစ်ပေါင်းများစွာ အဆက်အဆံရှိခဲ့ပြီး အဂတိလိုက်စားမှုမှတဆင့် သူ့ရဲ့စီးပွားရေးကို တည်ဆောက်ထားကာ ဖခင်ဖြစ်သူမှာ အရင်စစ်အစိုးရလက်ထက်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ရာထူး ယူခဲ့တဲ့ ဒုဗိုလ်မှူးကြီးဟောင်း(လေ) ခင်မောင်လတ် ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ကိုယ်တိုင်ကလည်း ညွှန်ကြားရေးမှူးချုပ်ရာထူးနဲ့ တာဝန်ယူခဲ့စဉ် ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်က ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ တာချီလိတ်မြို့မှာ တရားဝင်မဟုတ်တဲ့ ကာစီနို လောင်းကစားရုံတခုကို Allure Resort အနေနဲ့ တည်ဆောက်ဖို့ ထိုင်းနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်  ဥပကစ် ဖတ်ချရယန်းကွန်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အဆိုပါ ကာစီနို လောင်းကစားရုံကို မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီလွှဲပြောင်းမှုကြောင့် ပြည်ထောင်စုဘတ်ဂျက်မှ နိုင်ငံတော်က ရရှိတဲ့ အမြတ်ဝေစု ၆ ရာခိုင်နှုန်းဟာ စစ်တပ်လက်အောက်ကို ရောက်ရှိသွားပြီး လွှတ်တော်က စုံစမ်းနိုင်မှုမရှိအောင် ဖုံးကွယ်လိုက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်  ဥပကစ် ဖတ်ချရယန်းကွန်း  ဟာ ထိုင်းနိုင်ငံက အထက်လွှတ်တော်အမတ်တဦးလည်း ဖြစ်ပါတယ်။

ဒီသဘောတူစာချုပ်အရ ဒေါက်တာထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံက အထက်လွှတ်တော် အမတ်တဦးလည်းဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဥပကစ် ဖတ်ချရယန်းကွန်းနဲ့ ကာစီနို လုပ်ငန်းကို တည်ထောင်လုပ်ကိုင်လျက်ရှိပြီး အကျိုးခံစားခွင့် ရရှိနေပါတယ်။

ဒါ့အပြင် ဒေါက်တာထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ Star Sapphire လုပ်ငန်းစုမှ လုပ်ငန်းခွဲဖြစ်တဲ့ Myanmar Business Consultant Group ဟာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ဟောင်ကောင်အခြေစိုက် VPower Group ကုမ္ပဏီနဲ့ တရုတ်အစိုးရပိုင် China National Technical Import and Export Corporation (CNTIC) တို့နဲ့ မိတ်ဘက် ဆောင်ရွက်နေတာ ရှိပါတယ်။

ဒီ့အတွက် Myanmar Business Consultant Group ဟာ စစ်တပ်ပိုင် ဦးပိုင်စီးပွားရေးလုပ်ငန်းစု (MEHL) ဆီ မြေငှားရမ်းခတွေ ပေးဆောင်နေရပြီး ငှားရမ်းမှုအတွက် သက်တမ်းကုန်ဆုံးပါက အဆိုပါအဆောက်အဦကို MEHL ထံ လွှဲပြောင်းပေးရမှာဖြစ်လို့ စစ်တပ်အဖို့ အကျိုးအမြတ် ကြီးမားတဲ့ အနာဂတ်ပိုင်ဆိုင်မှု တခုလည်း ဖြစ်ပါတယ်။

Star Sapphire Group စီးပွားရေးလုပ်ငန်းစုမှ ထွန်းမင်းလတ်နဲ့ ထိုင်းအထက်လွှတ်တော်အမတ်ဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် ဥပကစ် ဖတ်ချရယန်းကွန်း  တို့အကြားမှာ ထိုင်းအခြေစိုက် Listed စာရင်းဝင် United Power of Asia အမည်ရှိ ကုမ္ပဏီက လျှပ်စစ် ၂၀၀ မဂ္ဂါဝပ် ထုတ်ယူနိုင်တဲ့ ပေါင်းစပ်ဓာတ်အားပေးစက်ရုံကို တနင်္သာရီတိုင်းဒေသကြီးမှာ တည်ဆောက်လျက်ရှိတယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

ဒါကြောင့် The Allure Resort နဲ့ Star Sapphire Group လုပ်ငန်းစုတို့အကြားမှာ ကျယ်ပြန့်တဲ့ စီးပွားရေးလုပ်ငန်း အကျိုးအမြတ်များနဲ့ ချိတ်ဆက်နေပြီး အဲဒီချိတ်ဆက်မှုက ငွေကြေးခဝါချမှု အပါအဝင် တရားမဝင် ငွေကြေးပံ့ပိုးတာတွေကို လုပ်ဆောင်နေတာက စိုးရိမ်စရာ ရှိနေတာပါ။

Star Sapphire Group ရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Royal MawTaung Mining ကုမ္ပဏီဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် ပူးတွဲတည်ထောင်ခဲ့တဲ့ Star Thiri Investment ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013