DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်မြို့မှ CDM ကျောင်းဆရာမတဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ
DVB
·
April 29, 2022
တောင်ကုတ်မြို့မှ CDM ကျောင်းဆရာမတဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ဖမ်းဆီးခံထားရတဲ့ CDM ကျောင်းဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို စစ်ကောင်စီလက်အောက်ခံ သံတွဲခရိုင်တရားရုံးက ဧပြီ ၂၈ ရက်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို CDM ပြုလုပ်မှု၊ PDF တွေကို စစ်သင်တန်းပေးပြီး ပြန်လာတဲ့ စစ်သားတဦးကို ကျပ်ငွေတသောင်း ထောက်ပံ့မှုတွေနဲ့ စွပ်စွဲပြီး စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ တရားစွဲခဲ့တာပါ။

တရားရုံးနဲ့ နီးစပ်သူတဦးက "သူမကို ဧပြီ ၂၈ ရက်နေ့က သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ အယူခံတက်သွားဖို့ ရှိတယ်လို့တော့ သိရတယ်။ သူက စစ်အာဏာသိမ်းကတည်းက CDM ဝင်နေတဲ့ အထက်တန်းပြ ကျောင်းဆရာမတဦးဖြစ်တယ်" လို့ ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ အသက် ၄၀ အရွယ် ဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက် မနက်က တောင်ကုတ်မြို့ရှိ သူမရဲ့နေအိမ်မှာ ရဲနဲ့ စရဖတွေက လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သူ့ကို CDM ပြုလုပ်ထားပြီး PDF တွေကို စစ်ပညာသင်ပေးတဲ့ စစ်သားတဦးကို Kpay ကနေ ငွေလွှဲပေးတယ်ဆိုပြီး တောင်ကုတ်မြို့ စစ်ကောင်စီတပ်ရင်းတခုမှ စစ်အရာရှိတဦးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ တရားစွဲဆိုခဲ့တာပါ။

လက်ရှိ သူမကို သံတွဲအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရသူ ၆ ဦးရှိပြီး တရားရင်ဆိုင်နေရသူ ၁၀ ဦးနီးပါး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013