DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမြို့ရှိ PDF စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ
DVB
·
April 28, 2022
မင်းတုန်းမြို့ရှိ PDF စခန်းကို   စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ
Donate to DVB

မကွေးတိုင်း၊ မင်းတုန်းမြို့မှာ စခန်းချနေတဲ့ PDF အဖွဲ့ကို စစ်ကောင်စီတပ်က  တိုက်ရိုက်စစ်ကြောင်းမထိုးဘဲ  လက်နက်ကြီးတွေနဲ့ပဲ  ၂ ရက်ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံ ကျေးရွာတွေမှာ နေအိမ်တွေမီးလောင်ပြီး ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။

ဧပြီ ၂၇ ရက်နဲ့  ၂၈ ရက်နေ့တွေမှာ  စစ်ကောင်စီတပ်က PDF အဖွဲ့တဖွဲ့ ရှိနေတဲ့ နေရာကို လက်နက်ကြီးတွေနဲ့  တနေကုန်ထိုင်ပစ်နေတာလို့ မင်းတုန်းမြို့ခံတယောက်က ပြောပါတယ်။

“မနေ့ကတည်းက စပြီးတောက်လျှောက် ပစ်လိုက်နားလိုက်နဲ့ ပစ်နေတာ။ အသံတွေက  ကြောက်ခမန်းလိလိပဲကြားနေရတာ။ တမြို့လုံးလည်း လန့်နေကြတယ်။ စစ်တပ်က သရက်မြို့ဘက်ကလာတဲ့ ကပစတပ်တွေ။ မင်းတုန်းမှာလာပြီး စခန်းချနေတာ။ မနေ့က တရက်တည်း လက်နက်ကြီးနဲ့ပစ်နေတာ  တရက်တည်းကို  အချက် ၄၀ လောက်ပစ်နေတာ။ သူတို့ကတော့ PDF တွေ စခန်းချနေတဲ့  နေရာတောင်ပေါ်ကို လှမ်းထုတော့ တက်တော့မတက်ရဲကြဘူးထင်တယ်။ သူတို့မှာလည်း  အင်အားရှိမယ့်ပုံ မပေါ်ဘူး။ မနေ့ ဧပြီ ၂၇ ရက်ညက  မင်းတုန်းမြို့ထဲက အမှတ်(၄)ရပ်ကွက်မှာ ဗုံးဖေါက်ခံလိုက်ရတာကို မဲပြီး ရဲစခန်းထဲကနေ သေနတ်တွေနဲ့ လျှောက်ပစ်ပြီး အဲ့ဒီကနေ ဆက်ပြီး တောင်ပေါ်က PDF တွေရှိတဲ့နေရာကို ဆက်တိုက်ပစ်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် လက်ပွကျေးရွာ၊ မှိုက်ရွာ၊ ရွှေတောင်နဲ့ လယ်ကိုင်ရွာတွေ ထိခိုက်ပြီး အိမ်တွေမီးလောင်သွားကာ နွားတွေလည်းသေဆုံးပြီး မှိုက်ရွာ တရွာတည်းမှာပဲ နွား  ၅ ကောင်သေဆုံးသွားတယ်လို့ သိရပါတယ်။ 

ဒေသခံ Mindon People Revolution Force က “အကုန်လုံးရွာကိုစွန့်ပြီး ထွက်ပြေးနေရတယ်၊၊ ရွာခံတွေ တောထဲနဲ့ တောင်ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်။ PDF စခန်းကတော့ ရိက္ခာဂိုထောင် မီးလောင်သွားလို့ ဘာမှမရလိုက်ဘူး အရင်က စခန်းက ထွက်သွားတဲ့ တယောက်ကမိသွားတယ်။ အဲဒိ မိသွားတဲ့လူကို နှိပ်စက်တယ်လို့ထင်တယ်။  သူကဖေါ်လိုက်တော့ စခန်းနေရာကိုသိသွားတာထင်တယ်”လို့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ရက်အလွန်ကလည်း  မင်းတုန်းမြို့မှာစခန်းချနေတဲ့ စစ်ကောင်စီတပ်က တပ်ကြပ် တယောက်က မူးပြီး အသက်မပြည့်သေးတဲ့ ကလေးစစ်သားတယောက်ကို ထိုးကြိတ်ရိုက်နှက်ပြီး  သေနတ်နဲ့ ပစ်သတ်ခဲ့ပေမဲ့  အဲ့ဒိတပ်ကြပ်ကို အခုထိ အရေးယူမှုမရှိပဲ ဆက်လက် တာဝန် ထမ်းဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013