DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၄ ဦး ဖမ်းဆီးခံရ
DVB
·
April 28, 2022
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၄ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ ဖုတ်ဖမြို့မှာ ဧပြီ  ၂၈ ရက် ဒီနေ့မနက်က  တရားမဝင် ဝင်ရောက်လာတဲ့  ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၅၄ ယောက်ကို  ထိုင်းလူကုန်ကူးကား  ၈ စီးနဲ့ အတူ ဖမ်းဆီးမိတယ်လို့ မဲဆောက်မြို့လုံခြုံရေးတပ်ဖွဲ့ကနေ သိရပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှ ဘက်ကောက်မြို့သို့ ပို့ဆောင်ဖို့  ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ကား အတွင်းပိုင်းမှာထားပြီး အပြင်ဘက်မှာတော့ ပြောင်းဖူးအိတ်တွေ အမိုးအကာတွေနဲ့ ကာပြီး တင်ဆောာင်လာစဉ်  ထိုင်းဌာနဆိုင်ရာတွေက စစ်ဆေးရာကနေ  ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အခုရက်ပိုင်းတွင်း မြန်မာ-ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်ရှိ  ၅ မြို့နယ်မှာ နိုင်ငံခြားသားဝင်ရောက်မှုတွေ ကို အထူးစောင့်ကြည့် လုံခြုံရေးတင်းကျပ်ထားပါတယ်။ 

ဧပြီ ၂၇ ရက် မနေ့ညနေကလည်း ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ ဖုတ်ဖမြို့နယ်မှာ ဂေါ်ဖီထုပ်တင်တဲ့ကားပေါ် ပုန်းအောင်းလိုက်ပါလာတဲ့  တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ယောက် ဖမ်းခံရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013