DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး တပတ်အတွင်း ကျပ် ၇၀,၀၀၀ ဝန်းကျင် ကျဆင်း
DVB
·
April 28, 2022
ပြည်တွင်းရွှေဈေး တပတ်အတွင်း ကျပ် ၇၀,၀၀၀ ဝန်းကျင် ကျဆင်း
Donate to DVB

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ဧပြီ ၂၈ ရက် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးက တကျပ်သားကို ကျပ် ၂,၀၁၈,၀၀၀ ဖြစ်ပြီး တပတ်အတွင်း ကျပ် ၇၀,၀၀၀ ဝန်းကျင် ဈေးပြန်ကျဆင်းခဲ့ပါတယ်။

ဗဟိုဘဏ် သတ်မှတ်ဒေါ်လာဈေးနဲ့ ရွှေအရောင်းအဝယ်ပြုလုပ်ဖို့ ဧပြီ ၈ ရက်မှာ အသင်းက ဆုံးဖြတ်ခဲ့ပေမဲ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိဘဲ ပြည်တွင်းရွှေဈေးက ကျပ် ၂,၀၈၆,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

အသင်းရဲ့ သတ်မှတ်အဖွင့်ဈေး အကျကြမ်းခဲ့ပေမဲ့ ရန်ကုန်မြို့ ရွှေဆိုင်တွေရဲ့ အဖွင့်ဈေးကတော့ ဈေးအကျနည်းခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တချို့မှာ ဒီနေ့မနက်ပိုင်းက ကျပ် ၂,၀၃၀,၀၀၀ ကနေ ကျပ် ၂,၀၅၀,၀၀၀ ကြား ဈေးဖွင့် အရောင်းအဝယ် ပြုလုပ်နေကြပြီး တဆိုင်နဲ့တဆိုင် ဈေးကွာခြားမှုတွေ ရှိခဲ့ပါတယ်။

လတ်တလော ကမ္ဘာ့ရွှေဈေးကလည်း ကျဆင်းနေသလို ပြည်တွင်းဈေးကွက်မှာလည်း ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း သတ်မှတ်ပြီးနောက် ရွှေဈေး အတက်အကျများခဲ့ပြီး ဈေးကွက်တည်ငြိမ်မှု မရှိခဲ့သလို ရွှေဆိုင်တွေအနေနဲ့လည်း ဈေးကွက်အဖွင့်ဈေး သတ်မှတ်ဖို့ ခက်ခဲနေကြတာပါ။

ရန်ကုန်ရွှေအသင်းအနေနဲ့ လက်ငင်းစနစ်နဲ့သာ အရောင်းအဝယ် ပြုလုပ်ကြဖို့ ရွှေလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီး ရွှေအရောင်းအဝယ် စာရင်းကိုလည်း တစုံတရာ အငြင်းပွားမှုဖြစ်ပါက ဖြေရှင်းနိုင်ဖို့ ကောက်ယူထားတယ်လို့ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြည်တွင်းမီဒီယာတခုကို ပြောကြားထားပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ရွှေကုန်ကြမ်း ပြတ်လပ်မှုမရှိအောင်၊ ရွှေဈေးနှုန်း တည်ငြိမ်အောင် ပြည်ပကနေ ရွှေတင်သွင်းဖို့ကိုလည်း စီစဉ်နေတယ်လို့ ဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013