DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့နယ်၌ စစ်ကောင်စီက အခြေခံစစ်ပညာနှင့် သတင်းပေးသင်တန်း ပေးနေ
DVB
·
April 27, 2022
ဘားအံမြို့နယ်၌ စစ်ကောင်စီက အခြေခံစစ်ပညာနှင့် သတင်းပေးသင်တန်း ပေးနေ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ဒေသခံကျေးရွာသားတွေကို အခြေခံစစ်ပညာနဲ့ ထောက်လှမ်းစောင့်ကြည့် သတင်းပေးပို့တဲ့ သင်တန်း ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဘားအံတပ်နယ် တပ်ရင်းတပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ရင်း (BGF) တွေမှာ သင်တန်းပေးနေတာဖြစ်ပြီး ပျူစောထီး၊ မဘသ၊ ကြံ့ခိုင်ရေးပါတီဝင်တွေအပြင် ဖိအားပေး တက်ရောက်နေရတဲ့ ဒေသခံ ကျေးရွာသားတချို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သင်တန်းပေးနေတာပါ။

သင်တန်းတက်ရောက်နေသူတဦးက ”မတက်မနေရ ဖိအားပေးလို့ တက်ရတာ။ စစ်ထဲဝင်တာလို့ မပြောရုံပဲကျန်တယ်။ အဓိကကတော့ PDF တွေနဲ့ စကစကို ဆန့်ကျင်တဲ့သူတွေကို စောင့်ကြည့် သတင်းပို့ရမှာ။ လိုအပ်ရင် သေနတ်ပါကိုင်ရမယ်။ မလုပ်ချင်လည်း လုပ်နေရတော့ နောက်ကျောမလုံဘူး။ အသက်က အပိုမပါဘူး” လို့ ဆိုပါတယ်။

သင်တန်းတက်ရောက်ပြီးသူတွေကို  မြို့ပေါ် လူစည်ကားရာ နေရာတွေ၊ လမ်းဆုံ လမ်းခွတွေ၊ စစ်ကောင်စီတပ်ရင်းတွေ၊ ဌာနဆိုင်ရာရုံးတွေနဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ အတူပူးပေါင်းပြီး ရပ်ကင်း၊ ဝပ်ကင်း စောင့်ကြည့်ပြီး လုံခြုံရေးအဖွဲ့တွေကို သတင်းပေးပို့နေရမှာ ဖြစ်တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဘားအံမြို့နယ်အတွင်းမှာ စားစရိတ်ငြိမ်း၊ တနေ့လုပ်အားခ ၇,၀၀၀ ကျပ်ပေးပြီး အသက်အကန့်အသတ်မရှိ စစ်တပ်နဲ့အတူ လုံခြုံရေး လုပ်ကိုင်လိုသူတွေကို ရပ်ကွက်ရုံးတွေကတဆင့် စာရင်းပေးသွင်းနိုင်တယ်လို့ စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ လိုက်လံကြေညာထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်နေ ပြည်သူတွေနဲ့ ဖြတ်သန်းသွားလာသူတွေကို တားဆီးပြီး ဆိုင်ကယ်၊ ကားနဲ့ လူတွေကို စစ်ဆေးရာမှာ ဖုန်း၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်လိုင်စင်တွေကို အကြောင်းမဲ့ စစ်ဆေးနေသလို ငွေညစ်တောင်းခံတာတွေအပြင် ကိုယ်ထိလက်ရောက် ထိုးကြိတ်တာတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြည်နယ်ရုံးစိုက်ရာ ဘားအံမြို့မှာ စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားသလို နေ့စဉ် လူစည်ကားရာနေရာနဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ကြားက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013