DVB Logo
Home
Lead Story
QUAD ကွာ့ဒ် ဘာလဲ ဘယ်လဲ
DVB
·
April 27, 2022
QUAD ကွာ့ဒ် ဘာလဲ ဘယ်လဲ
Donate to DVB

မအလ အာဏာသိမ်းလိုက်တယ်လည်း ဆိုရော အမေရိကန် ဦးဆောင်တဲ့ QUAD ကွာ့ဒ် ဆိုတဲ့အဖွဲ့က အိန္ဒိယသမုဒ္ဒရာထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာပါလေရော။ ကွာ့ဒ်မှာ အမေရိကန်က ဆရာကြီး၊ ဩဇီ၊ အိန္ဒိယနဲ့ ဂျပန်တို့က တရုတ်ရန်ကို တားဆီးဖို့ဆိုပြီး အိန္ဒိယသမုဒ္ဒရာမှာ ခါးတောင်းကျိုက်ပြီး စစ်ရေးပြတော့တာပဲ။ မြန်မာပြည်သူတွေကတော့ မအလကြီးကို ဆော်တော့မယ်ဟဆိုပြီး အကြီးအကျယ် ပျော်ခဲ့ကြ၊ အော်ခဲ့ကြတာပေါ့။

မအလ ရေတပ်ကလည်း ကြောက်ကြောက်လန့်လန့်နဲ့ စစ်ရေးပြပွဲကြီးတခုကို ငွေအကုန်ခံပြီး လုပ်ခဲ့သေးတယ်။ အခုချိန်ထိ သေနတ်တချက်မှ မဖောက်သေးတဲ့ ကွာ့ဒ် ဆိုတာကြီးရဲ့ အဖွဲ့ဝင်၊ အိန္ဒိယက မအလကို လက်နက်တွေ ရောင်းနေပါသတဲ့။ တရုတ်တောင် ရောင်းသေးတာ၊ ငါလည်း ရောင်းတာ ဘာဖြစ်လဲလို့ တွေးနေပုံရတယ်။ ဂျပန်ကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတာမရှိသလို ဩဇီကလည်း ပိတ်ဆို့အရေးယူမှု ဆိုတာလေးကိုတောင် ဩဇီရောက် မြန်မာတွေ အမြှုပ်ထွက်အောင် ပြောပေမဲ့ မအလကို အရေးမယူတဲ့အပြင် သံအမတ်ကတောင် သွားဂါဝရပြုလိုက်သေးတယ်။

အမေရိကန်နဲ့ ဂျပန်တို့က သူတို့နိုင်ငံသားတွေကို အသီးသီး ခေါ်ထုတ်သွားပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အားထားရတဲ့ စီးပွားရေးအကြံပေးဖြစ်သူ ဩဇီသားကြီး ရှောင်တာနဲလ်လည်း အခုထိ လွတ်မလာသေး၊ နောက်ဆုံးတော့ ဩဇီမြန်မာတွေကို ဒေါ်လာ ၉၅ သန်းလောက်နဲ့ နှစ်သိမ့်လိုက်တာပဲ ရှိတယ်။ အဲဒါ မြန်မာပြည်က သယံဇာတတွေ ထုတ်ထားတာနဲ့ ဩဇီမြန်မာတွေ အခွန်ဆောင်နေကြရတဲ့ ပမာဏနဲ့ ယှဉ်ကြည့်ရင် သေးသေးလေးပါ။ ဆရာကြီး အမေရိကန်ကလည်း ဒေါ်လာ ၁၃၆ သန်းနဲ့ နှစ်သိမ့်ထားသတဲ့။ အဲဒါလည်း မြန်မာအမေရိကန်တွေ အခွန်ဆောင်ထားတာနဲ့ယှဉ်ရင် နည်းနေပါသေးတယ်။

တကယ်တော့ ကွာ့ဒ်ဆိုတာ ညာဝါးဖြီးဖြန်းနေတဲ့ အဖွဲ့ကြီးပါလား။ ခုထိ သေနတ်တချက်မှ မဖောက်တဲ့အပြင် မအလကို ကမ္ဘာက အရေးယူနိုင်ဖို့ ကိစ္စမှာလည်း အမေရိကန်မြေပေါ်က ပေးမလုပ်သေးတာ တွေ့ရတယ်။ ဒါတောင် ကမ္ဘာ့ဦးသျှောင် ကုလသမဂ္ဂကြီးက သူ့မြေပေါ်မှာနော်။

မြန်မာ့အရေး ဆောင်ရွက်နေသူတွေက ဩဇီမြေပေါ်ကနေ မအလကြီးကို တရားစွဲဖို့ အသံဟစ်နေပေမဲ့ ဩဇီအစိုးရက ဒါကို ကြိုက်တဲ့ပုံမျိုး ထောက်ခံတဲ့ပုံမျိုး မပြဘူး။ တကယ်သာ လာတရားစွဲရင် အာဖဂန်မြေပေါ်မှာ ဩဇီရဲ့ ဂျီနိုဆိုက်တွေ၊ ဝါးခရိုင်းတွေ ပေါ်ကုန်မှဖြင့် ခက်ရချည်သေးရဲ့လို့ တွေးနေပုံရတယ်။ မတော်လို့ အဘိုရီဂျန်တွေကို အစုလိုက်အပြုံလိုက် သတ်ထားတာတွေပါ ပြန်လှန်လာရင် ကိုယ့်ရှူးကိုယ်ပတ်မှာကလည်း ရှိသေးတယ်။

ဩဇီရှေ့နေချုပ်က အမှုတင်တာနဲ့ ပယ်မယ်လို့ ကြားရသဗျ။ အရင်တကြိမ်ကလည်း ပယ်ခဲ့တာပဲလေ။ မအလကို ပေးတရားစွဲလိုက်မှဖြင့် ကိုကိုရိုတို့ကလည်း လာဦးမယ်။ အဲဒါဆို ရိုမန်တစ်တွေ ဖြစ်ကုန်မှာလည်း စိုးရသေးတယ်။

မြန်မာတွေကို ခွင့်ပြုလိုက်ရင် ဆူဒန်တွေကလည်း လာဦးမယ်။ အိုမာအယ်လ်ဘာရှားက ငုတ်တုတ်ကြီး ရှိသေးတာကိုး။ အာဖဂန်တွေကလည်း အိုဘားမားရဲ့ ဒရုန်းတွေကြောင့် အရပ်သားတွေ သေကျေရတာကို သခွပ်ပင်က မီးတကျည်ကျည် လာလုပ်နေမှဖြင့် သောက်ဂွပါပဲလို့ တွေးနေပုံရသဗျ။

ဒီမိုး ဒီလေတွေကြားမှာ ဒီလူတွေရဲ့ ကွာ့ဒ်ဆိုတာကြီးကတော့ တရုတ်ရဲ့ ခါးပတ်လမ်းတွေကို ငေးကြည့်နေရဦးမှာ မြင်ယောင်နေမိပါသေးတယ်။ ဘာပဲပြောပြော ကျုပ်တို့ ဂျန်ဇီလေးတွေရဲ့ တူမီးအခြေပြုတော်လှန်ရေးကမှ အများကြီး အားကိုးနေရသေးတယ်ဗျ။

ဂျန်ဇီတူမီးတော်လှန်ရေး အဓွန့်ရှည်ပါစေ…. အရေးတော်ပုံ အခု အောင်ပါစေဗျား။

အေးမင်း(တာမွေ)

(ဘာသာပြန်မဟုတ်ပါ။ The Times of India သတင်းစာပါ “India exported most arms to Myanmar during 2017-21” ဆောင်းပါးကို အခြေခံပြီး QUAD အကြောင်း သတိထားမိတာကို ရေးဖွဲ့ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013