DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင်ကျေးရွာသားများ မုဒုံမြို့နယ်ထဲ ထွက်ပြေးတိမ်းရှောင်
DVB
·
April 26, 2022
တိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင်ကျေးရွာသားများ မုဒုံမြို့နယ်ထဲ ထွက်ပြေးတိမ်းရှောင်
Donate to DVB

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲ တွေကြောင့် ဒေသခံရွာသားတွေဟာ မုဒုံမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မုဒုံမြို့ခံတယောက်က ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ မုဒုံမြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးတွေဆီ ထွက်ပြေး လာကြတာဖြစ်ပြီး ဧပြီ ၂၅ ရက် ညပိုင်းအထိ ဆက်တိုက်ထွက်ပြေးနေရကာ စုစုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်က မုဒုံ-ကြာအင်းဆိပ်ကြီးလမ်းတလျှောက်ကျေးရွာတွေမှာ ရွာသားတွေကို ပေါ်တာဆွဲ နေတာကြောင့် ရော်ဘာခြံအလုပ်သမားတွေ အခက်အခဲတွေ့နေရတယ်လို့ မုဒုံမြို့ခံ တယောက်က ပြောပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုတွင်းက  ဒေသခံ ကျေးရွာသား ၃ဝ ကျော်လောက်ကို ဧပြီ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဧပြီ ၂၃ ရက်နက ခလယ်-တံခွန်တိုင်ကျေးရွာအနီး ရဲစခန်းအနီးမှာ စစ်တပ်နဲ့နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ 

စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံအမျိုးသမီး တယောက် သေဆုံးပြီး အမျိုးသား ၂ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

တံခွန်တိုင်ဘုန်းကြီးကျောင်းအနီးနားက အိမ်တလုံးကို လက်နက်ကြီးကျည်ထိမှန်ခဲ့တာ ဖြစ်ပါ တယ်။ 

ဧပြီ ၂၃ ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၂ ရက်ကစပြီး တံခွန်တိုင်ရဲစခန်းအနီးမှာ အခြေအနေစတင်တင်းမာခဲ့ပြီး အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာပါ။ 

တိုက်ပွဲတွေကြောင့် မုဒုံ၀- ခလယ်၊ တံခွန်တိုင်-ဝင်းရော်လမ်းမကြီးကို သွားလာမှု ယာယီရပ်ဆိုင်း ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013