DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်လုံခြုံရေးအတွက် NUG က အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန စတင်ဖွဲ့ စည်း
DVB
·
April 26, 2022
နိုင်ငံတော်လုံခြုံရေးအတွက် NUG က အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန စတင်ဖွဲ့ စည်း
Donate to DVB

နိုင်ငံတော်လုံခြုံရေးတည်ဆောက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနကို စတင်ဖွဲ့စည်းလိုက်ပြီလို့ ဒီကနေ့ ဧပြီ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် အထောက်အပံ့တွေ ပြုနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးအာဏာ သက်ရောက်ခြင်းဖြင့် နိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ၊ ဖက်ဆစ်လုပ်ရပ်တွေ၊ အကြမ်းဖက်မှုတွေကို ကာကွယ်ကာ ပြည်သူလူထုရဲ့ လူမှုဘဝလုံခြုံမှုနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ရှိစေသော နိုင်ငံတော်လုံခြုံရေးကို တည်ဆောက်နိုင်ဖို့ “အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန” ကို ဖွဲ့စည်းလိုက်တာလို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ဆင်နွှဲနိုင်မှုအနေအထားမှ စိုးမိုးထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာ အမျိုးသားညီညွတ်‌ရေးအစိုးရအနေနဲ့ “အထူးဒေသအုပ်ချုပ်ရေးဇုန်” သတ်မှတ်ပြီး အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်ဝန်းတခုအဖြစ် မြေပြင်လုပ်ငန်းတွေကို မျက်တွေ့လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေနိုင်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင်  ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကာ “ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ” ကို ဖွဲ့စည်းထားရှိပြီး စစ်ကိုင်းတိုင်း မြို့နယ် ၂၉ ခုနဲ့ မကွေးတိုင်းမြို့နယ် ၇ ခုတို့မှာလည်း ကြားကာလ ဒေသန္တ ရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး အုပ်ချူပ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ပြည်သူလူထု လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေအတွက်လည်း “ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့” ကို ဖွဲ့စည်းသွားမှာဖြစ်ကာ  “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများအုပ်ချုပ်မှုကော်မတီ” ၊ “CDM ပြည်သူ့ရဲ တပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ” ၊ “မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြုကော်မတီ” (ALL MYANMAR CDM FIRE FIGHTERS REPRESENTATION COMMITTEE) ၊ “လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန CDM ကိုယ်စားပြုကော်မတီ”တွေကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အစိုးရသက်တမ်း ၁ နှစ်ပြည့် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013