DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့နယ်တွင် စစ်​ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးခန့်သေ
DVB
·
April 26, 2022
မင်းကင်းမြို့နယ်တွင်  စစ်​ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးခန့်သေ
Donate to DVB

စစ်ကိုင်းတိုင်း၊ က​လေးခရိုင်၊ မင်းကင်းမြို့နယ်မှာ ဧပြီ ၂၅ ရက်​နေ့လယ်  ၁ နာရီလောက်က စစ်​ကောင်စီတပ်နဲ့ ပျူ​စောထီးအဖွဲ့​တို့ ကမ်းပြည့်​ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ​ဒေသခံ​တွေနဲ့ PDF တပ်ဖွဲ့က ​ ပြောပါတယ်။

MKPDF တပ်ရင်း -၂ ၊ တပ်ခွဲ ၁ အဖွဲ့က ပ​ဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်​ကောင်စီအဖွဲ့ ၁၅ ​ယောက်လောက် ကျဆုံးနိုင်သလို ဒဏ်ရာရရှိသူ​တွေလည်း များနိုင်တယ်လို့ PDF ​ခေါင်း​ဆောင်တယောက်က ​ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ မင်းကင်းမြို့​ပေါ်မှာတပ်စွဲ​နေထိုင်တဲ့အဖွဲ့ဖြစ်ပြီး က​လေးဝဘက်က​နေတက်လာတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကို အကြိုသွား​စဥ် မင်းကင်း - မြို့မ​ လမ်းပိုင်း​ ကမ်းပြည့်​ကျေးရွာအနီးမှာ ​ဒေသခံ PDF အဖွဲ့​တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကမ်းပြည့်​ကျေးရွာအတွင်းကို စစ်​ကောင်စီတပ်တွေ ဝင်​ရောက်​မွှေ​နှောက်နေတာကြောင့် ​ဒေသခံပြည်သူ​တွေလည်း ​ထွက်​ပြေးတိမ်း​ရှောင်​ခဲ့ကြရတယ်လို့ ​ဒေ​သခံတစ်ဦးက ​ပြောပါတယ်။

မင်းကင်းဘက်က​နေ သွားကြိုတဲ့ က​လေးဝဘက်က​ တက်လာတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ ကား ၃ စီးနဲ့ ဧပြီ  ၂၄ ရက်​က  မင်းကင်းဘက်ဆီကို မုံရွာ-ယာကြီး-က​လေးဝ လမ်းအတိုင်း လာတာဖြစ်ပြီး မိုင်တိုင်အမှတ် ၁၁၀ အနီး​​အ​ရောက် ည​နေ ၅ နာရီခန့်​လောက်မှာ ကား ၁ စီး တိမ်း​မှောက်ခဲ့တယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

ကားတိမ်း​မှောက်မှု​ကြောင့် စစ်​ကောင်စီတပ်သား ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ​တွေကို​တော့ က​လေးဝဘက်ကို ပြန်လည်သယ်​ဆောင်သွားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013