DVB Logo
Home
မြန်မာသတင်း
လေယာဉ်ဖြင့်ကြဲချသည့် စစ်ကောင်စီတပ် ရိက္ခာထုပ်များ KNLA သိမ်းဆည်းရရှိ
DVB
·
April 25, 2022
လေယာဉ်ဖြင့်ကြဲချသည့် စစ်ကောင်စီတပ် ရိက္ခာထုပ်များ KNLA သိမ်းဆည်းရရှိ
Donate to DVB

စစ်ကောင်စီတပ်က ရှေ့တန်းတပ်စခန်းတွေအတွက် ရိက္ခာထုပ်တွေကို လေယာဉ်နဲ့ လာရောက်ကြဲချရာမှာ အားလုံးနီးပါးကို သိမ်းဆည်းရယူနိုင်ခဲ့တယ်လို့ ကေအန်ယူ-မူတြော်က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၅ ရက် ဒီညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီ လေယာဉ် တစီးဟာ မယ်ဝေ(မဲဝိုင်) အခြေစိုက်တပ်စခန်းတွေအတွက် ရိက္ခာထုပ် ၅ ထုပ် ပထမအကြိမ်လာရောက်ကြဲချပြီး ၄ နာရီ ၃၅ မိနစ်မှာ နောက်တကြိမ် ရိက္ခာထုပ် ၆ ထုပ် စုစုပေါင်း ၁၁ ထုပ် ရောက်ကြဲချသွားခဲ့ရာမှာ KNLA အမှတ်(၅) တပ်မဟာလက်အောက်ရှိ တပ်ရင်း(၁၀၂)မှ စစ်သည်တွေက ၉ ထုပ်ကို သိမ်းဆည်းရရှိပြီး ကျန် ၂ ထုပ်ကတော့ ရှာဖွေနေဆဲလို့ဆိုပါတယ်။
လေယာဉ်နဲ့ ရိက္ခာလာကြဲချိန်မှာ ဖာပွန်မြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်က ၁၂၂-မမစိန်ပြောင်းနဲ့ မယ်ဝေဒေသသို့ ခြောက်လှန့် ပစ်ခတ်ခဲတယ်လို့လည်း သိရပါတယ်။
မယ်ဝေအခြေစိုက်စခန်းဟာ ခလရ-၉၇ နဲ့ ခမရ-၄၀၅ တပ်ရင်းတို့ အခြေစိုက် စခန်းထိုင်နေတဲ့ စခန်းဖြစ်ပြီး ကုန်းလမ်းနဲ့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်လာချိန်တိုင်း KNLA တပ်ဖွဲ့တွေ ပိတ်ဆို့တားဆီးမှုတွေကြောင့် စစ်ရဟတ်ယာဉ်တွေနဲ့ ရိက္ခာပို့ဆောင်လာတာ ဖြစ်ပါတယ်။

မဲဝိုင်ကျေးရွာသားတစ်ဦးက “စစ်ရဟတ်ယာဉ်နဲ့ နှစ်ခေါက်တောင်  ရိက္ခာထုပ်တွေ လာကြဲချတယ်။ အရင်တစ်ခေါက် လာကြဲတာလည်း တပ်စခန်းက မရဘူး။ အခု တပ်စခန်းတွေက ပိတ်မိနေတာ။ စခန်းအပြင်ကို မထွက်ရဲဘူး။ ကြာရင် ရိက္ခာပြတ်ပြီး သေဖို့ပဲရှိတော့တယ်”လို့ ဆိုပါတယ်။

မဲဝိုင်တပ်စခန်းမှာထိုင်နေတဲ့ ခလရ ၉၇ တပ်ရင်းအနေနဲ့ စစ်ဆင်ရေး သတ်မှတ်ကာလပြီးဆုံးကာ  နောက်တန်းဌာနချုပ်ကို ပြန်လည်ဝင်ရောက်ရမှာဖြစ်ပေမယ့် အပြန်လမ်းကြောင်းတလျှောက် ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို မရင်ဆိုင်ဝံ့တဲ့အတွက် ခမရ ၄၀၅ တပ်ရင်းနဲ့အတူ ခိုကပ်နေရတယ်လို့ KNU တာဝန်ရှိသူက ဆိုပါတယ်။

ဧပြီ ၁၉ ရက်ကလည်း ဘူးသိုမြို့နယ်နဲ့ ဒွယ်လိုးမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေအတွက် လေကြောင်းကနေ လေယာဉ် ၂ စီးနဲ့ လက်နက်ခဲယမ်း၊ စားရိက္ခာတွေကို လာရောက်ကြဲချခဲ့ပါတယ်။

လေကြောင်းကနေကြဲချတဲ့ လက်နက်ခဲယမ်းနဲ့ စားရိက္ခာတွေကို KNLA ၊ တပ်ရင်း ၁၀၂  တပ်ဖွဲ့ဝင်တွေက သိမ်းယူရရှိကာ တပိုင်တနိုင်ယူဆောင်ပြီးနောက် ပိုလျှံစားရိက္ခာတွေကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဖော်ဆောင်မယ်လို့ ပြောဆိုနေပေမယ့် တိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေ အပါအဝင် တနိုင်ငံလုံးနီးပါး တိုက်ပွဲတွေဖြစ်ပွားနေသလို မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေပါမကျန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လူနေအိမ်တွေကို မီးရှို့ ဖျက်ဆီးတာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၄ ကလည်း ကေအန်ယူ တပ်မဟာ ၂ တောင်ငူခရိုင်ထိန်းချုပ်နယ်မြေထဲကနေ စစ်ကောင်စီရဲ့ စစ်စခန်းတွေ ၁၅ ရက်အတွင်း ရုပ်သိမ်းထွက်ခွာဖို့ ဧပြီ ၂၅ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013