DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမီးလောင်ပြီး လူ ၂၀ သေဆုံး
DVB
·
April 20, 2026
Photo: TAMIL NADU FIRE DEPARTMENT
Photo: TAMIL NADU FIRE DEPARTMENT
Donate to DVB

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီးလ်နာဒူးပြည်နယ်က မီးရှူးမီးပန်းစက်ရုံတခုမှာ ဧပြီ ၁၉ ရက်က ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် မီးလောင်လို့ လူအယောက် ၂၀ ထက်မနည်း သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တမီးလ်နာဒူးပြည်နယ်၊ ဗီရူဓုနာဂါခရိုင်က လိုင်စင်ရစက်ရုံတခုမှာ မီးလောင်အပြီး လူအယောက် ၂၀ ထက်မနည်း သေဆုံးတယ်လို့ ဒေသခံရဲတပ်ဖွဲ့အကြီးအကဲ အန် ရှရီနာသာက AFP သတင်းဌာနကို အတည်ပြု ပြောဆိုခဲ့တာပါ။

ကယ်ဆယ်ရေးသမားတွေက မီးလောင်ပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတုန်းပဲလို့ သူက ပြောခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတုန်းပဲလို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံမှာ ဘေးကင်းရေးစည်းမျဉ်းတွေကို လိုက်နာမှု အားနည်းပြီး ဥပဒေစိုးမိုးရေး အားနည်းတာတွေကြောင့် စက်မှုလုပ်ငန်းဆိုင်ရာ မတော်တဆမှုတွေက မကြာခဏ ဖြစ်လေ့ရှိပါတယ်။

ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက “အလွန် စိတ်ဆင်းရဲစရာ” ဖြစ်ရပ်တွေအတွင်း ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းတယ်လို့ လူမှုမီဒီယာပေါ်က ပို့စ်တခုမှာ ပြောခဲ့ပါတယ်။

တမီးလ်နာဒူး ဝန်ကြီးချုပ် အမ်ကေ စတာလင်က သေဆုံးမှုတွေက ဝမ်းနည်းစရာပဲလို့ X လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

အခုအပတ်ထဲမှာပဲ အိန္ဒိယနိုင်ငံအလယ်ပိုင်းက ဓာတ်အားပေးစက်ရုံတခုမှာ ပေါက်ကွဲခဲ့လို့ လူ ၂၀ ကျော် သေဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံအနောက်ပိုင်းက မီးရှူးမီးပန်းစက်ရုံတခုမှာ နောက်ထပ် မီးလောင်မှုတခုကြောင့် လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013