DVB Logo
Home
မြန်မာသတင်း
ကြားကာလပညာရေး အခြေခံပညာ အွန်လိုင်းအခမဲ့သင်တန်းများ စတင်မည်
DVB
·
April 25, 2022
ကြားကာလပညာရေး အခြေခံပညာ အွန်လိုင်းအခမဲ့သင်တန်းများ စတင်မည်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် ဖွင့်လှစ်နေတဲ့ အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) ကနေ အခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသားသစ်တွေ ခေါ်ယူသွားမှာဖြစ်ကာ ကျောင်းအပ် လက်ခံသွားမယ့် ရက်တွေနဲ့ စတင်တက်ရောက်ရမယ့် ရက်တွေကို ထုတ်ပြန်လိုက်ပါတယ်။

Free Online Educational Institution Myanmar- FOEIM ကတော့ စဉ်ဆက်မပြတ်ကြားကာလ ပညာရေးကို အွန်လိုင်းကတဆင့် အခမဲ့ သင်ကြားနေပြီး၊ နိုင်ငံလုံးဆိုင်ရာ မြေပြင်မှာလည်း ပညာရေး ကဏ္ဍတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ လူထုအခြေပြုအဖွဲ့အစည်းတခု ဖြစ်ပါတယ်။

လတ်တလော ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ အခြေခံပညာ မူလတန်းအဆင့်တွေကို လာမယ့် ဇူလိုင် ၁၀ ရက်မှာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး ဩဂုတ် ၁ ရက်မှာ ကျောင်းစတင်တက်ရောက်ရမှာဖြစ်ပြီး အလယ်တန်း အဆင့်တွေကိုတော့ ဩဂုတ် ၂၀ မှာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်မှာ ကျောင်းစတင်တက်ရောက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခြေခံပညာ အထက်တန်းအဆင့်တွေကိုတော့ လာမယ့် စက်တင်ဘာ ၁၅ ရက်မှာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မှာ ကျောင်းစတင်တက်ရောက်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး သတ်မှတ်ထားတဲ့ ရက်တွေမှာ ကျောင်းအပ်ဖို့အတွက် လိုအပ်တဲ့ လမ်းညွှန်တွေကိုပါ Free Online Educational Institution Myanmar (FOEIM) ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် တပါတည်း တင်ပေးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ FOEIM ဟာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကတဆင့် ကြားကာလ အခြေခံပညာရေးကို စဉ်ဆက်မပြတ် ရရှိအောင် အခမဲ့ ပညာရေးရရှိစေဖို့ အစွမ်းကုန်ကြိုးစားခဲ့သလို၊ အခုလာမယ့် ပ ညာသင်နှစ်မှာလည်း အွန်လိုင်းကသာမက မြေပြင်မှာပါ စဉ်ဆက်မပြတ်ပညာရေးပေးစွမ်းနိုင်ဖို့ ကြိုးစားအကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ FOEIM အနေနဲ့ ကြားကာလ အွန်လိုင်းပညာရေးနဲ့ ကြားကာလ မြေပြင်ပညာရေးဆိုပြီးတော့ ၂ မျိုးခွဲကာ သင်ရိုးသတ်မှတ်ပုံ၊ သင်ကြားရေးနဲ့ တတ်မြောက်မှုစစ်ဆေးခြင်းသတ်မှတ်ပုံတို့ကို ရေးဆွဲကာ ပိုမိုကောင်းမွန်တဲ့ ပညာ ရေးစနစ်ဖြစ်ပေါ်စေဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013