DVB Logo
Home
မြန်မာသတင်း
ထွေအုပ် CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း
DVB
·
April 25, 2022
ထွေအုပ် CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်း
Donate to DVB

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို  ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ်  ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ NUG အစိုးရ  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး  ဦးလွင်ကိုလတ်က  ဧပြီလ ၂၄ ရက် မှာ ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေတွေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လစ်လပ်သွားတဲ့ အုပ်ချုပ်ရေးယန္တရားမှာ အစားထိုးဝင်ရောက်ပြီး  အုပ်ချုပ်ရေး၊ လုံခြုံ ရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ဖို့နဲ့ ပြည်နယ်ကောင်စီတွေရဲ့ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေမှာ ကူညီပံ့ပိုးပေးနိုင်ဖို့ ပြောင်းလဲဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းတွေကို စုစည်းပြီး CDM ဝန်ထမ်းတွေရဲ့ အရေးကိစ္စတွေနဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ မြေပြင်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ၂၀၂၁  စက်တင်ဘာ ၁၄ ရက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီကို စတင်ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

လတ်တလော စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ကြားကာလပညာရေး အခြေခံပညာ  ကျောင်းသား ၂၀၀၀၀ ကျော်ကို ဆရာ၊ ဆရာမ ၂၀၀၀ ကျော်က  စာသင်ပေးနေပြီး  NUGရဲ့ ကနီမြို့နယ်မှာ NUG အစိုးရရဲ့  ပညာရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးယန္တရား စတင်လည်ပတ်နိုင်ပြီလို့ ကနီပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်း အပါအဝင် အနောက်မြောက်တိုင်း စစ်ဒေသမှာ တိုက်ပွဲတွေ၊ တော်လှန်ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေကြောင့် စစ်ကောင်စီရဲ့ ယန္တရားတွေဟာ ရပ်ဆိုင်းလုနီးပါး အခြေအနေလည်း ဖြစ်လာနေပါတယ်။

ဒေသတွင်း PDF တွေ အားကောင်းလာတာနဲ့အမျှ အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကိုင်းတိုင်းထဲမှာ အစိုးရယန္တရားတွေ လည်ပတ်နိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013