မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ထံကနေ အဖြေကို အတင်းအကျပ် တောင်းဆိုသွားမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ကာရစ်ဟာ ၁၂ ပွဲမှာ ၈ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ထားပြီး ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်အောင် ပို့ဆောင်ပေးထားတာကြောင့် အမြဲတမ်းနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ တနင်္လာနေ့က အသင်းပိုင်ရှင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ အသင်းဘက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာမှသာ နည်းပြသစ်ကိစ္စကို အတည်ပြုဖို့ ဆန္ဒရှိနေပါတယ်။
ကာရစ်ကတော့ သူ့ရဲ့အခြေအနေကို အရင်က ဆိုးလ်ရှားနဲ့ နှိင်းယှဉ်နေကြတာတွေကို ပယ်ချခဲ့ပြီး လက်ရှိမှာ အသင်းအတွက် တာဝန်ယူရတာကိုပဲ အာရုံစိုက်ထားကြောင်းနဲ့ ရာထူးအတွက် အဖြေထွက်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။











