DVB Logo
Home
မြန်မာသတင်း
ဝက်လက်အရှေ့ပိုင်းကို စစ်ကောင်စီတပ်အင်အားရာချီဝင်လာသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်
DVB
·
April 24, 2022
ဝက်လက်အရှေ့ပိုင်းကို စစ်ကောင်စီတပ်အင်အားရာချီဝင်လာသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ပိုင်းကျေးရွာတွေကို စစ်ကောင်စီတပ်အင်အားအလုံးအရင်း ဧပြီ ၂၄ ရက်မနက်ပိုင်းက ဝင်ရောက်လာပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်ပိုင်း မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မတ္တရာနယ်တွေကနေ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ဝင်ရောက်လာတာလို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံရွာသားတဦးက “စခအင်အား ၃၀၀ လောက်ရှိမယ်ဗျ။ လာတာက‌ မန္တလေး စဥ့်ကူးမြို့နယ်၊ မတ္တရာနယ်ကို ရေကြောင်းကနေဝင်နေ စတင်ဝင်လာတယ်။ အဲဒီကနေတဆင့်လက်ရှိမှာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဘိုကြီးကျွန်းကျေးရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့တယ်။ နောက်ပြီးတော့ အဲရွာက အမျိုးသမီး ၃ ဦးကို ဖမ်းခဲ့တယ်။ အဲဒီကနေတဆင့် စဥ့်ကူးမြို့နယ်၊ ဟင်္သာကြီးကျေးရွာကိုဝင်တယ်။ အဲရွာက ဒေသခံ ၇ ဦးခန့်ကိုလည်း ဓားစာခံအဖြစ်ဖမ်းခဲ့တယ်။ အဲရွာက‌နေတဆင့် ကျနော်တို့ ဝက်လက်မြို့နယ်သ သက်ပင်ကျေးရွာရောက်နေပြီ” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ဝဝက်လက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ မနက် ၅ နာရီလောက်မှာလည်း ဝက်လက်မြို့နယ် ရွာနန်းရွာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဝက်လက်မြို့နယ်ထဲက တောင်ကုန်းကျေးရွာက နေအိမ် အလုံး ၁၃၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013