DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင် စစ်ကောင်စီတပ်မိုင်းဆွဲခံရသဖြင့် အရာရှိအပါအဝင် ၆ ဦးသေဆုံး
DVB
·
April 24, 2022
နတ်တလင်းတွင် စစ်ကောင်စီတပ်မိုင်းဆွဲခံရသဖြင့် အရာရှိအပါအဝင် ၆ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း နတ်တလင်းမြို့နယ်မှာ ဧပြီ ၂၃ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းကို MRF-နတ်တလင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၆ ယောက်သေဆုံးပြီး ၃ ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ MRF-နတ်တလင်းကနေ သိရပါတယ်။

နတ်တလင်းမြို့နယ် ကွေ့ကြီးရွာနဲ့ ကျောက်ပြုတ်ရွာကြားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဧပြီလ ၂၃ ရက်နေ့ မနက် ၈ နာရီလောက်မှာ MRF-နတ်တလင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့  MRF-နတ်တလင်း ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ကျနော်တို့ ဘက်က ရဲဘော်တွေ ပြောက်ကျာ‌ေနည်းစနစ်ကို အသုံးချပြီး ဖောက်ခွဲတိုပ်ခိုက်ခဲ့တာဖြစ်လို့ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ကျောက်ပြုတ်ရွာသားတဦးက “ကွေ့ကြီးရွာနဲ့ ကျောက်ပြုတ်ရွာကြားမှာ မနေက မနက်ပိုင်းက ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ နာရီဝက်လောက်ကြားလိုက်ရတယ်ဗျ။ အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေ ဖြတ်သွားတာတွေ့ရတယ်။ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်လို့ ကျနော်တို့လည်း သူတို့မမြင်အောင် ပုန်းနေကြရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ကလည်း နတ်တလင်းမြို့နယ် ကြံတောစုနဲ့ တာပွန်ရွာကြားမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေကို MRF-နတ်တလင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲ ၃ ယောက်သေဆုံးကာ ၇ ယောက်အပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013