DVB Logo
Home
မြန်မာသတင်း
ပုလောတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရသဖြင့် ၂ စီး မီးလောင်ပြီး ၁၀ ဦး သေဆုံး
DVB
·
April 23, 2022
ပုလောတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရသဖြင့် ၂ စီး မီးလောင်ပြီး ၁၀ ဦး သေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲမှာ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကား ၂ စီး မီးလောင်ပျက်စီးပြီး ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလော PDF က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ညသန်းခေါင်ကျော်လောက်မှာ မြိတ်ဘက်က ဆင်းလာတဲ့ စစ်ကား ၁၂ စီးပါယာဉ်တန်းကို  ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကားယာဉ်တန်းကို ကဒဲရွာနဲ့ ပဝတ်ကုန်းရွာကြားမှာ ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျော်ထွက်လာတဲ့ စစ်ကားတွေကို ခမောင်းတောရွာအနီးမှာ ထပ်မံမိုင်းဆွဲခဲ့ကာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မနက် ၁ နာရီ ၄၅ မိနစ်လောက်အထိ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကား ၁၂ စီးမှာ ၄ စီးသာ ထားဝယ်ကို ဆက်တက်သွားပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ တနှစ်ကျော် ကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကြား တိုက်ပွဲတွေလည်း မြို့ရွာအနှံ့ ပြင်းထန်နေပြီး စစ်အုပ်စုဟာ လူမဆန်စွာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ  ဥပဒေမဲ့ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ပြုလုပ်နေကြပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ ၁ လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

ဒါဟာ NUG အစိုးရက အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ပြီးကာလ ဆဋ္ဌမ ၁ လတာအတွင်း စာရင်းကောက်ယူထုတ်ပြန်ထားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၆၃၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013